抖阴社区

Part-8

5.5K 303 8
                                    

အတန်းတစ်၀က်ပဲသင်ပြီး ရှင်ဖုန်းတို့ အတန်းလစ်လာပါဒယ်

အတန်းလစ်လာပြီး ပန်းခြံထဲမှာမုန့်တွေ၀ယ်ပြီးသွားထိုင်ကာ ပေါက်ပေါက်ဖောက်နေကြပါတော့တယ်

"ဟဲ့ ရှင်ဖုန်း နင်နဲ့နင့်မမကို ငါကူညီပေးရမလား"
အခွန်းမ ပြောလာပါတယ်

"ဟမ်! တကယ်လား ကူညီပေးလေ"

"တကယ်ပေါ့ ကူညီမှာပေါ့"

"အိုခေ ကျေးဇူးပဲ အခွန်းမ"

"ကျေးဇူးတင်ရင် နင်တို့တွဲဖြစ်ရင် ငါ့ကိုတဝိုင်း
ကျွေးရမယ်နော်"

"အေးပါဟ ကျွေးမှာပေါ့"

"နေကြပါအုန်း ငါလဲကူညီမယ်လေ"
အာကာမင်း ၀င်ပြောသည်

"နင်ကဘာကူညီမှာလဲ"

"အဖုန်းရယ် နင်မေ့နေတာလား ငါကနင့်မမရဲ့သူငယ်ချင်းနဲ့ရင်းနှီးတယ်ဆိုတာလေ"

"အာ ဟုတ်သားပဲ နင်လဲ ကူညီအုန်းနော်"

"အေးပါ ငါ့ကိုလဲ မုန့်လိုက်ကျွေးရမယ်နော်"

"အေးပါဆိုနေ ကျွေးမယ် ကျွေးမယ်"

ပန်းခြံထဲမှာထိုင်ပြီးပေါက်ပေါက်ဖောက်နေချိန် စာ၀င်လာတာမို့တချက်ကြည့်လိုက်တော့ မမဆီကဖြစ်နေပါသည်လေ

ရှင်ဖုန်း ချက်ချင်းပြုံးဖြီးသွားပြီး မမ စာပို့တာ
၀င်ကြည့်လိုက်တယ်

In message box

LM - ရှင်ဖုန်း ဒီနေ့ကျောင်းမရှိဘူးလား?

XP - ရှိတယ်လေ မမရဲ့

LM - အော် အာ့ဆိုအခုကျောင်းမှာလား

ရှင်ဖုန်းတစ်ယောက် သူခဏခဏအတန်းတွေလစ်ပြီး ဆိုးနေတာ သိသွားမှာဆိုးလို့ လိမ်လိုက်တော့သည်

XP - ဟုတ် ကျောင်းမှာပါ

LM - အော် အာ့ဆို.....အခု မမ ရှင်ဖုန်းကို
မြင်နေတယ်ဆို ယုံလား

XP - အမ်....မမက ဘယ်မှာမို့လို့လဲ

LM - မမ မေးတာပဲဖြေ

XP - ကျောင်းမှာပါဆိုနေ မမရဲ့

LM - လိမ်နေတယ် အခု ရှင်ဖုန်းရဲ့အနောက်ကို
လှည့်ကြည့်လိုက်

??????????(Complete)Where stories live. Discover now