ဟင့် ဗြဲ!!! မာမီ မကောင်းဝူး!!😭"
"ဟာ ဒါလေးပြောတာငိုစရာလား နှပ်ချေးတွေနဲ့ ညစ်ပတ်တယ်ကွာ"
ရှင်ဖုန်းတစ်ယောက် သူ့သမီးလေးကိုစနေခြင်း
အခုဆို သူတို့မှာ ချစ်ဖို့ကောင်းတဲ့ ၂နှစ်ခွဲအရွယ်
ဖုန်းသုတစံနဲ့ရွှေအိမ်နွယ်လို့ အမည်ပေးထားတဲ့ အမွှာလေးနှစ်ယောက် ရှိနေပါပြီ ယောက်ျားလေးတစ်ယောက်မိန်းကလေးတစ်ယောက်ဖြစ်ပြီး ရှင်ဖုန်းမှာ
သူ့ကလေးတွေကိုသဲသဲလှုပ်ပင်"နှပ်ချတွေပေပွနေတာပဲ ညစ်ပတ်"
"ညစ်ပတ်၀ူးဆိုနေ!!"
"ညစ်ပတ်ပါတယ်ကွာ😆ကြည့်အုန်း ကြောင်ချီးရုပ်"
"အားးးမားမားရေ!!😭"
အရမ်းအစသန်တဲ့ ရှင်ဖုန်းနဲ့ အစမခံစွာစိလန်သမီးလေးကြောင့် ရွှေအိမ်စံမှာ ခလေး၃ယောက်ထိန်းနေရသလားပင်
"ကဲ ဘာဖြစ်နေကြတာလဲ 'မောင့်'! ကလေးကို စပြန်ပြီလား"
"နည်းနည်းလေးစတာကို 'မ'ကလဲ"
"အီးဟီးးး မားမား!!"
ရွှေအိမ်နွယ်လေးမှာ မျက်ရည်စက်လက်နဲ့
ရွှေအိမ်စံကိုချီခိုင်းကာ စတင်တိုင်ကြားတော့တယ်"မာမီက မီးကိုလိုက်စနေရယ်!"
"ဟုတ်လား ပြောပါအုန်း ဘာတွေစနေတာလဲ"
"ဟင့်! မားမားက မီးကိုမချစ်ဝူးရဲ့ မာမီကိုပဲချစ်တာတဲ့ ဟင့်"
"အော် သမီးကလဲ မငိုရဘူးလေ တိတ်တော့ မာမီက လျှောက်ပြောနေတာပါ မားမားက သမီးကို အချစ်ဆုံး ဟုတ်ပြီလား မငိုနဲ့တော့နော်"
"ဟင့် ဂယ်ယား"
"တကယ်ပေါ့ သမီးရဲ့"
"အာ့ဆို မာမီ့ဂို မချစ်ဝူးပေါ့"
"မချစ်ပါဘူး သမီးလေးကိုပဲချစ်မှာ"
"ဟာ!! 'မ'!"
ရှင်ဖုန်းရှုံ့မဲ့ကာ ရန်တွေ့ဖို့လုပ်နေပေမဲ့ ရွှေအိမ်နွယ်လေးမှာတော့ကျေနပ်သဘောကျနေလေရဲ့
"တော်ပါတော့ 'မောင်'ရယ် ကလေးနဲ့ပြိုင်ဖြစ်မနေနဲ့
သားလေးကိုရေချိုးပေးလိုက်တော့ ရေမချိုးဘူး
ဂျီကျနေတယ်"
