抖阴社区

Part...11

1.7K 99 12
                                        

For Unicode

Seok Jinနဲ့ Hoseokတို့ နှစ်ယောက်အတူတူ ထမင်းစားနေစဉ် အိမ်အပေါ်ထပ်မှ လေချွန်သံကဲ့သို့သော အသံကို ကြားလိုက်ရသဖြင့် နားစွန့်နေကြသည်။

"JungKookနိုးနေတာများလား"

"မဟုတ်တာ...သူမနေ့က တစ်နေကုန် ဒေါပွနေတာလေ။ညကလည်း ဘယ်အချိန်ပြန်လာမှန်းမသိဘူး...ခုထိ အိပ်ယာထဲမှာ နှပ်လို့ကောင်းတုန်းပဲနေမှာပါ"

Hoseokရဲ့ ခန့်မှန်းချက်အား SeokJin ငြင်းဆိုလိုက်သည်။
သူပြောတာလည်း မမှားပါ။မနေ့က တစ်နေကုန် JungKookသောင်းကျန်းနေခဲ့တာမလား။

သူတို့ငြင်းလို့မှ မပြီးသေး အပေါ်ထပ်ကနေ လေလေးတချွန်ချွန်နဲ့ ဆင်းလာသူကြောင့် မျက်လုံးပြူးရလေတော့သည်။

"Jeon Jung Kookမှ ဟုတ်ရဲ့လား"

စိတ်ထဲမှအတွေးတို့သည် အပြင်အထိပါ ပွင့်အန်ကျလာရသည်။
ဂျင်းအပြဲနဲ့ တီရှပ်ကိုမှ ရှုပ်ပွနေအောင်ဝတ်တတ်တဲ့ JungKookက ဒီနေ့မှာတော့ စတိုင်ပန့်လေးနဲ့ ရှပ်လက်ရှည်ကို စတိုင်ကျစွာ တွဲဖတ်ဝတ်ဆင်ထားလေသည်။
Lip piercing, eyebrow piercingနဲ့ နားကပ်တွဲလောင်းတို့က အခုထိကျန်ရှိနေသေးပေမဲ့ ဆွဲကြိုးကြီးတွေ၊လက်ပတ်ကြီးတွေဟာတော့ မရှိတော့။

"Jung Kook မင်းနေကောင်းရဲ့လား။မင်းရဲ့Hyungက မင်းကို ငြင်းလိုက်ပြီလား "

HoSeokစကားကို ကြားတော့ ဂုဏ်ယူဝံ့ကြွားဟန်ပြုံးကာ လေဆက်ချွန်နေသည်။
ဘာစကားမှမပြောဘဲ ပြီတီတီလုပ်နေသည်မှာ စိတ်မရှည်ချင်စရာ။

ထူးဆန်းသည်။JungKookထူးဆန်းနေသည်။ခါတိုင်းနေဖင်ထိုးမှနေတတ်တဲ့ JungKookက စောစောထနေသည်မှာ နှစ်ရက်ပင်ရှိပြီ။
မနေ့မနက်ကလည်း 'မောင့်အသက်ဆီ သွားလိုက်ဦးမယ်' ဟု ဆိုကာ ခပ်တည်တည်နဲ့ထွက်သွားလေသည်။ဒီနေ့လောက်တော့ ပျော်မြူးမနေပါ။

ထွက်သွားပြီးလို့မှ သိပ်မကြာဘဲ အိမ်ကို ဝုန်းဒိုင်းကြဲကာ ပြန်လာသည်မှာ လန့်စရာအတိ။ဘာဖြစ်လာလဲဆိုတာကို မေးမရသည့်အပြင် ဒေါသထွက်နေသည်မှာလည်း တားမရ၊ဆီးမရပင်။

ဒါ့ကြောင့် SeokJinနဲ့ HoSeokတောင် အလုပ်ချိန်မရောက်ခင် နှစ်နာရီလောက်အလို၊မနက်(၈)နာရီကျော်ကတည်းက clubကို လစ်ထွက်လာခဲ့လိုက်ရသည်။

We and Our cafe(Completed)Where stories live. Discover now