For Unicode
"NamJoon Hyung အားလားဟင်"
ဖုန်းဆက်ကာ ပြောလာသည့် YoonGi။အနားမှာ Jiminလည်းရှိနေပုံပေါ်သည်။
"အားပါတယ် Yoongiရဲ့။အလုပ်တွေပြီးလို့ ရေချိုးပြီး နားတော့မလို့ေလ"
YoonGiတို့ Clubကစောစောပြန်လာကာ NamJoon Hyungကို ဖုန်းဆက်ခြင်းဖြစ်သည်။Jiminကတော့ အစကသေချာတယ်ပြောကာ နောက်မှ YoonGiရဲ့ သေချာရဲ့လားဆိုတဲ့ စကားသံတွေအောက် အင်တင်တင်ဖြစ်နေသည်။
"Hyungကို ကျွန်တော်ပုံနှစ်ပုံပို့ထားတယ်
ကြည့်လိုက်ပါဦး"ညီငယ်တွေရဲ့ ထူးထူးဆန်းဆန်းအပြုအမူတွေက NamJoon ကို ခေါင်းစားစေသည်။ဖုန်းကိုင်ရင်းမှ သူတို့ပြောသည့် ပုံတွေအား ကြည့်လိုက်၏။
"အဲ့တာ JeonJungKookမဟုတ်လား Hyung..."
"ဟင်..."
Jiminရဲ့ အသံကြားမှ NamJoonလည်း အတွေးများရသည်။ဒီကျောပြင်က တကယ်ကို ထိုလူနဲ့ ဆင်နေတယ်မဟုတ်လား။ခက်တာက နှစ်ပုံလုံးတွင် အမျိုးသား၏ မျက်နှာဟာ မမြင်ရဘဲ ကျောပြင်ချည်းသက်သက်ဖြစ်နေသည်။
ဒုတိယပုံမှ အနည်းငယ်မြင်နေရသည့် အမျိုးသမီး၏မျက်နှာကိုကြည့်ကာ NamJoonဦးနှောက်ကို အလုပ်ပေးမိသည်။သေချာတယ် ဟိုအရင်နေ့က သူမြင်ခဲ့သည့် JungKookဆိုင်ကယ်နောက်က မိန်းကလေးတော့မဟုတ်။
"Jiminတို့က ဘယ်မှာတွေ့လာတာလဲ။သူတို့ clubမှာလား "
"သူတို့Clubက ဘယ်မှာမလို့လဲ Hyungရဲ့"
"မသိဘူးလေ"
နာမည်ပြောင်းတယ်လို့လည်းကြားမိပေမယ့် အရင်ကတည်းက ဘယ်မှာရှိမှန်းမသိ၊ဘယ်နာမည်မှန်းမသိတာကြောင့် NamJoonလည်း မပြောတတ်။
Jiminဟာတော့ သူမြင်ခဲ့သည်တို့ကို ပြန်လည်ကာပြောပြရင်း မျှဝေနေသည်။
မသေချာသည့် ဒီနေ့ကိစ္စထက် သေချာသည့်NamJoonမျက်မြင်ကိစ္စကိုပြောတော့ ကလေးတွေဟာ ရှူးရှူးရှဲရှဲဖြစ်နေကြသည်။နဂိုကတည်းက TaeHyungကို ချစ်တဲ့လူတွေဖြစ်တဲ့အတွက် ပိုဆိုးသည်။TaeHyungကို ပြောပြဖို့လုပ်နေတဲ့ Jiminကို NamJoonတားမိလိုက်သေးသည်။မရေရာတဲ့ အကြောင်းအရာအတွက် TaeHyung စိတ်ထိခိုက်ရမှာကို မလိုလားပါ။

YOU ARE READING
We and Our cafe(Completed)
Fanfiction??????? ???????????? ????????????? Cafe??????... OTP-TaeKook(Not SE) JungKook × Taehyung × NamJoon Started date-8.12.2021 End date-3.10.2022 Idol image??? ???????????????????????? ?????????????????????????? ?????????????????? wp messenger??????????F...