抖阴社区

Part...22

1.3K 82 14
                                        

For Unicode

အရာအားလုံးဖြစ်ပျက်ပြီးတဲ့နောက်မှာ TaeHyung 'မောင့်ကို လက်ထပ်လိုက်သင့်လား'ဆိုတဲ​့ အတွေးကို တွေးမိနေပြီ​ြဖစ်သည်။
မောင့်ကိုလက်ထပ်ဖို့ တစ်ခါမှ မစဉ်းစားခဲ့ပေမယ့် အခုတော့ အခြေနေတွေက မတူတော့ဘူးမလား။TaeHyungက အပြောင်းလဲမြန်တဲ့လူဖြစ်နေမလားတော့မသိပေမယ်​့ ဒီကိစ္စတွေအားလုံးရဲ့ ကြိုးကိုင်သူဟာ မောင်သာ။

ပိုချစ်တဲ့လူက အရှုံးပေးရစတမ်းဆိုရင် မာနချင်းယှဉ်တဲ့ ဒီပွဲမှာ အရှုံးပေးခဲ့သူက TaeHyung။

အဲ့ဒီ့နေ့က အဲ့ဒီ့အခြေအနေဖြစ်ပြီးနောက် TaeHyungမောင့်ကို စိတ်ဆိုးစိတ်ပျက်ဖြစ်ကာ မခေါ်မပြောဘဲ နေခဲ့သည်။မောင်ကလည်း အဲ့ကတည်းက ပြောင်းလဲသွားခဲ့တာ။အခုဆို TaeHyungကို သည်းသည်းလှုပ်လို့။Taehyungစကားဆိုလည်း 'ဟုတ်ကဲ့' ချင်းထပ်အောင် လက်ခံပြီး လိမ္မာပြနေသည်။
နောက်ကွယ်မှာဘယ်လိုနေမလဲတော့ TaeHyungမသိ။

TaeHyungမွေးနေ့တုန်းကလည်း သူ့သူငယ်ချင်းတွေနဲ့ ပေါင်းပြီး မွေးနေ့ပွဲကျင်းပပေးခဲ့သည့်မောင်။ဘယ်လိုအတွေးနဲ့လဲမသိပေမယ့် YoonGi၊Jiminနဲ့ Namjoon Hyungကိုပါ ဖိတ်ကြားခဲ့သေးတာ။

သူကိုယ်တိုင်ပဲ ဖိတ်ခဲ့ပြီး သူကိုယ်တိုင်က မျက်စောင်းတထိုးထိုး။TaeHyungကိုဖက်လိုက် ပါးလေးနမ်းလိုက်နဲ့ အမြင်မတော်အောင်လုပ်ပြနေသည်မှာ TaeHyungက သူ့အပိုင်ပါဆိုပြီး ကြွားနေသည့် ပုံစံမျိုး။

ဘယ်လိုပဲဖြစ်ဖြစ် ထိုနေ့က TaeHyungပျော်ခဲ့ရပါသည်။အသက်တစ်နှစ်ကြီးလာသလို တစ်နှစ်စာ အမှတ်တရတွေကိုလည်း သိမ်းဆည်းရမိခဲ့သည်။

'ကျေးဇူးတင်ပါတယ် မောင်' လို့ပြောမိတော့ မောင်က ပြုံးသည်။ကွေးညွတ်သွားတဲ့ နှုတ်ခမ်းလေးနဲ့အတူ မြင့်တက်သွားတဲ့ Lip piercingလေးကလည်း မီးရောင်အောက်မှာ ခပ်လဲ့လဲ့။

'အချစ်ပျော်ရင်ပြီးတာပါပဲ။ကျေးဇူးတင်မယ့်အစား မောင့်ကို အရင်လိုချစ်ပေးနော်' တဲ့လေ။မောင်ကတော့ တကယ်ပါပဲ။
ချစ်နေပါတယ်ဆိုတဲ့လူကို ပိုချစ်အောင် ဖမ်းစားနေတော့တာပဲ။

"ကျွန်တော့်အဘွားဆီ တစ်ပတ်လောက် အလည်သွားဦးမယ် JungKook"

"သွားလေ...ဘယ်ရပ်ကွက်မှာလဲ မောင်လိုက်ပို့ရမလား"

We and Our cafe(Completed)Where stories live. Discover now