抖阴社区

                                        

မနက်(၁၀)နာရီကနေ မနက်(၄)နာရီအထိ တစ်ချိန်လုံးဖွင့်ထားသည့် သူတို့(၃)ယောက်၏ clubလေးဟာ တရားမဝင်သည့်အရာများကို လက်မခံထားသဖြင့် နေရာသိပ်မရပါ။ပိုင်ရှင်တစ်ဦးဖြစ်သည့် JungKookကိုယ်တိုင်ကပင် မဟုတ်တာလုပ်ချင်ပြီဆိုလျှင် တခြား Clubကို သွားကာ အပျော်ရှာတတ်သေးသည်။

"ဒီနေ့ မင်းတို့ကို ငါတစ်ဝိုင်းလိုက်ကျွေးမယ်"

တိတ်ဆိတ်နေသည့် စကားဝိုင်းလေးကို အသက်သွင်းလိုက်သူမှာ တစ်ချိန်လုံး ပြုံးစိစိဖြစ်နေသူ JungKookပင်။

'ဘာအတွက်လဲ'လို့တောင် မေးချိန်မရလိုက် ဧည့်ခန်းထဲသို့ ထွက်သွားသည်မှာ
လျစ်ကနဲလျစ်ကနဲ။

ပါးစပ်ကပြောသွားသည်မှာ
'SeokJin လက်ရာက အတော်ကိုတိုးတက်လာတာပဲ။Clubကို ပိတ်ပြီး စားသောက်ဆိုင်ဖွင့်ကြရအောင်'
တဲ့လေ။

ထိုအခါ အော်ပြောလိုက်သည့် SeokJinစကားကြောင့် HoSeokမှာ မထိန်းနိုင် မချုပ်နိုင်ပင် အော်ရယ်လိုက်မိသည်။

"ငါ Marketဝယ်လာတဲ့ ပေါင်မုန့်ကို ယိုသုတ်ပေးထားတာလေ JungKookရာ"

ထိုသို့ပြောရင်း စားလက်စကို ရပ်ကာ JungKookနောက် လိုက်သွားသူ SeokJinက အခြေအနေကို စူးစမ်းချင်နေပုံ​ေပါ်သည်။

"မင်းဘာတွေ အူမြူးနေတာတုန်း JungKook။အသစ်တွေ့ထားတာလား"

"ဟားဟား...ဘယ်ကသာ။JungKookတို့က တစ်ယောက်ဆိုတစ်ယောက်ပဲ ပုံအပ်ပြီးချစ်တတ်တာပါကွာ။သိတယ်မလား အဟင်း"

အပြောနဲ့အလုပ်မညီတဲ့ JungKookကို သူတို့နှစ်ယောက် မကြည်ကြည့်သာ ကြည့်မိလိုက်တော့သည်။
ထိုအချိန် JungKookနှုတ်က ဆုိလိုက်သည်​့ စကားဟာ အံ့ဩဖွယ်ရာ။

"မောင့်အသက်လေးက မောင့်အပိုင်ဖြစ်သွားပြီ"

...

"ဒီနေ့ ကျွန်တော်အလုပ်စောဆင်းချင်တယ် Hyung"

"ဘယ်အချိန်လောက်လဲ Tae Hyungလေးရဲ့"

"(၅)နာရီလောက်ပါ Hyung။Hyungတစ်ယောက်တည်း မနိုင်လောက်ဘူးထင်ရာ တစ်ခါတည်း ဆိုင်သိမ်းခဲ့မယ်လေ"

"ရပါတယ်။Hyung လုပ်နိုင်ပါတယ်...TaeHyungသာ လုပ်စရာရှိတာကို စိတ်ဖြောင့်ဖြောင့်လုပ်နော်"

We and Our cafe(Completed)Where stories live. Discover now