အပိုင်း - ၂၀
" မောင့်ရင်ခွင်ဝယ် ခိုနားမယ် "
* မောင်ကလေ မောင်တို့ဘဝထဲကို ခက်ခက်ခဲခဲ
ခေါ်ထားရတဲ့ ကလေးလေးကိုသိပ်ပြီးမျှော်လင့်နေတာ
ရက်တွေအကြာကြီးစောင့်ခဲ့ရပြီး အခုကလေးလေးကို
မြင်ရဖို့လည်း ဘယ်လောက်မှမလိုတော့ဘူးလေ၊
မောင်က ဘယ်လောက်တောင်ပျော်နေလဲမင်းသိရဲ့လား ၊
မောင်ရယ် မင်းရယ် ကလေးလေးရယ် ဒါကမောင့်
မိသားစုအစစ်ပါလားဆိုပြီး ပျော်နေလိုက်ရတာ၊
ဒါပေမဲ့ မင်းကတော့ မောင့်ဘဝရဲ့အရာအားလုံးပဲ
ဆိုတာကိုသိတယ်မဟုတ်လား ၊ ကျန်တာတွေကလည်း
အရေးကြီးတယ်ဆိုပေမယ့် မင်းကတော်အရေးအကြီး
ဆုံးပဲကွာ ၊အဲဒါကြောင့် မောင့်ကိုဘယ်လိုနည်းနဲ့မှ
မထားခဲ့ပါနဲ့ ၊ မောင့်ဘဝထဲကကို လူတစ်ယောက်ပဲ
လာခွင့်ရှိမယ်ဆိုရင် မောင်အတ္တကြီးပါရစေကြွေရုပ်ရယ် ၊
မောင် မင်းကိုပဲမောင့်အနားမှာခေါ်ထားပါရစေ ၊
မောင့်အတွက်က မင်းရှိနေရင်ရပါပြီ ၊ အဲဒါကြောင့်မို့
ဘာအကြောင်းနဲ့မှ မောင့်ကိုမထားခဲ့ပါနဲ့နော် "တရိပ်ရိပ်ပြေးလွှာနေသော Ambulance ကားလေး
ကတော့ အနီးဆုံးဆေးရုံသို့် ပြေးလွှားနေဆဲပါ။*
*
*
*
*
*
*
*" လူနာက ဆေးအရှိန်နဲ့အိပ်ပျော်သွားတာပါ ၊
စိုးရိမ်စရာမရှိပါဘူး ၊ ဘယ်ဘက်လက်ကောက်ဝတ်
ကတော့ အဆစ်ရောင်သွားတယ်၊ ဆေးစည်းထားရ
မယ်၊ ခါးကိုထိသွားပေမယ့် အရမ်းတော့မပြင်းထန်ပါ
ဘူး ၊ လူနာကသတိရှိပုံရတယ်၊ ကလေးကို
မထိခိုက်အောင် အကောင်းဆုံးကာကွယ်သွားနိုင်ခဲ့
တယ်လေ "" ကျေးဇူးတင်ပါတယ် ဆရာ "
" မွေးမယ့်ရက်ကိုတော့ တက်နိုင်သမျှစောပြီး
မွေးစေချင်တယ် ၊ အမျိုးသားကိုယ်ဝန်ဆောင်
ဖြစ်နေတာရယ် အခုထိခိုက်မှုက ခါးကိုထိထား
တာရယ်ကြောင့် ပိုပြီးစိတ်ချရအောင်ပါ "" မွေးရက်အတွက် ပြနေကျOGနဲ့ ကျွန်တော်အမြန်
ဆုံးတိုင်ပင်လိုက်ပါမယ်ဆရာ "" ဟုတ်ပါပြီဗျာ ၊ အခုတော့ လူနာနိုးလာရင်
အိမ်ပြန်ပြီးနားလို့ရပါပြီ "

YOU ARE READING
???????????????? ????????? ( Completed )
Romance????????? ??????????????????????? ??????????????????????? ? ????????????????? ????????????????????????????????????????? ????????????????????????? ????????? ??????????????????????? ??????????????????????? ? ????????????????? ?????????????????????????...