အပိုင်း - ၂၁
" မောင့်ရင်ခွင်ဝယ် ခိုနားမယ် "
" အောင်မလေး!! အဖေတူသမီးလေးတော့
ချောချက်က လက်ကုန်ပဲ "မနှင်းပြောတုန်းကသားလေး ၊ မကြည်ပြာပြောတော့
သမီးလေးဆိုတာကြောင့် အသင်္ခရာမှာ အူကြောင်ကြောင်
ဖြစ်သွားရကာ" နေပါဦးမကြည်ပြာရဲ့ ကြွေရုပ်မွေးတာက
သားလေးလား သမီးလေးလား"မကြည်ပြာကတော့ အသင်္ခရာ့ကို အားရပါးရ ရီပြ
လာရင်း သူ့ဝသီအတိုင်းတစ်လုံးတစ်ခဲအသံကြီးဖြင့်
ပြောလာတာက" သားလေးတစ်ယောက် သမီးလေးတစ်ယောက်
အမွှာလေးဟေ့!!! " တဲ့ ။*
*
*
*
*
*
*
*" ချယ်ရီရေ မပြီးသေးဘူးလားဟ ၊ ရှင်ဘုရင်
တစ်ခါထွက် ပဲကြီးတစ်လှေချက်ဖြစ်နေပြီ ၊ အပြင်
တစ်ခါထွက်ဖို့ဆိုရင် သူ့မှာပြင်လို့ကိုမဆုံးဘူး
ထွက်လာတော့လဲ ဒီရုပ်ပဲ နင်ရုပ်ကိုက နဂိုမရှိ
တာကို အလှတွေတအားပြင်နေလည်း နဂိုင်းက
ထွက်မလာဘူး ၊ ငါ့ကြွေရုပ်လေးဆို မျက်နှာပြောင်
လေးနဲ့တောင် နင့်ထက်ဆယ်ဆမကလှတယ် ၊
ဒါတောင်ကလေးအဖေဖြစ်နေလို့ "" အောင်မလေး လာပါပြီကိုကိုရယ် အလှပြင်နေတာ
မဟုတ်ရပါဘူး ၊ ဖွားကမှာလိုက်တဲ့ ပစ္စည်းတွေကို
စစ်ပြီးထည့်နေတာပါ တကယ်ထဲမှာပဲ "ချယ်ရီ့မှာလည်း ကိုယ့်ကိုစကားလုံးတွေနဲ့ဖဲ့နေရင်း
သူ့အမျိုးသားကိုအမွှန်းတင်နေသည့် အကိုတော်ကို
အမြင်တွေလည်းကပ်လှပါပြီ။" တကယ်ထဲမှကိုနောက်ထား လူကအရင်
ကားပေါ်တက်ပေတော့ ၊ နင်နဲ့အဖွားဆိုတာ ကြွေရုပ်
ဆေးရုံစတက်ပါပြီဆိုထဲက သယ်နေလိုက်တဲ့ပစ္စည်းတွေ ၊
အိမ်ကနေဆေးရုံကိုသယ်၊ ဆေးရုံကနေအိမ်ကိုသည်နဲ့
မြေးဖွားနှစ်ယောက် ပစ္စည်းသယ်ယူပို့ဆောင်ရေး
လုပ်ငန်းလုပ်လိုက်ကျပါလား "ပါးစပ်ကလဲပြောနေရင်း ချယ်ရီကားထဲရောက်တာနဲ့
မောင်းထွက်ခဲ့တော့သည်။ ချယ်ရီကလည်း
ကားမောင်းထွက်သည့်တိုင် သယ်လာသည့်
ပစ္စည်းတွေကိုနေရာချလို့မပြီးသေး ။

YOU ARE READING
???????????????? ????????? ( Completed )
Romance????????? ??????????????????????? ??????????????????????? ? ????????????????? ????????????????????????????????????????? ????????????????????????? ????????? ??????????????????????? ??????????????????????? ? ????????????????? ?????????????????????????...