抖阴社区

Part - 22 ( Zawgyi )

12.4K 280 1
                                    

အပိုင်း - ၂၂

" မောင့်ရင်ခွင်ဝယ် ခိုနားမယ် "

ကြွေရုပ်နှင့် ဦးရာရာကတော့ ကလေးတွေထိန်းရင်း
အချိန်ကုန်ဖြစ်ကျသည်။ အလုပ်ထွက်ဖို့အတွက်
ဆုံးဖြတ်လိုက်ပြီဖြစ်သော ဦးရာရာက ချက်ချင်းတော့
ထွက်မရသေးတာကြောင့် ဆေးရုံကိုသွားနေရသေးသည်။

ဦးရာရာရယ် ၊ကြွေရုပ်ရယ် နောက်ပြီး သားနဲ့သမီးရယ်
နေ့ရက်တိုင်းသည် ကြွေရုပ်တို့မိသားစုအတွက်တော့
ဘုရားပေးသော ပျော်ရွှင်ဖွယ်အခိုက်အတန့်ပင်ဖြစ်နေလေ
တော့သည် ။

*
*
*
*
*
*
*
*

" Ariah ရေ လာခဲ့ တီလေးနဲ့ မုန့်မုန့်သွားစားမယ် "

သားက သူ့တီတီလေး ချယ်ရီရဲ့အသံကိုကြားတယ်
ဆိုတာနဲ့ အဒေါ်ရှိတဲ့နေရာသို့ လိမ့်နေအောင်
ပြေးလေတော့သည်။

" မိုင်ယော! မိုင်ယော ! "

သားက သူ့တီတီဆီ ပြေးသွားတယ်ဆိုတာနဲ့
သမီးငယ်လေးကလည်း သူ့နာမည်လေးသူအော်ပြီး
သူ့ကိုကိုနောက်ကိုပြေးလိုက်လေတော့သည်။
ချယ်ရီက သူ့တူကိုချီလိုက်တယ်ဆိုတာနှင့်
သမီးငယ်လေးက ငိုမဲ့မဲ့လေးဖြစ်လာလေတော့သည်။

" မိုင်လေးကိုက မမဂူဂူးချီမယ် လာခဲ့ "

ပြောပြောဆိုဆိုနှင့် ဂူဂူးကစာထိုင်ကျက်နေရာကနေ
ထလာပြီး သူ့ညီမလေးကိုချီလိုက်လေတော့သည်။
ဒီအဖြစ်အပျက်ကို အစအဆုံးမြင်လိုက်ရသော
အသင်္ခရာကတော့ သူတို့အနားကိုလျှောက်သွား
လိုက်ကာ

" ချယ်ရီမ! ငါ့သမီးကို ခွဲခြားခွဲခြားလုပ်နေပြန်ပြီလား
နင့်ကိုတော့ တောင်ကြီးပြန်ပို့မှရတော့မယ်ထင်တယ် ၊
ဂူးဂူး! ! သမီးကညီမလေးကိုချီမထားနဲ့ မောလိမ့်မယ်
Mria လေးက မမပေါ်ကဆင်းလိုက်နော် ၊ မမဂူးဂူး
ကိုသနားပါတယ် "

" ရပါတယ် ပါးပါးရယ့် ဂူးက ညီမလေးလောက်တော့
ချီနိုင်ပါတယ် အေးဆေး "

ဂူးဂူးကတော့ စကားပြောနေရင်းနှင့် သူ့ညီမလေး၏
ပါးပြင်လေးကို တရွှတ်ရွှတ်နေအောင်နမ်းနေပြန်သည်။

" အေးဆေးလို့်မရဘူး သမီးကလုံးဝအပင်ပန်းခံလို့
မရသေးဘူးလေ ပါးပါးပြောထားတာတွေကိုမှတ်မိတယ်
မဟုတ်လား "

???????????????? ????????? ( Completed ) Where stories live. Discover now