抖阴社区

????? (?)

1.2K 78 1
                                    


ချမ်းအေးလွန်းတဲ့ ဆောင်းညတစ်ညမှာ သူ့ရဲ့မျက်ဝန်းတွေကို ထာဝရ မှိတ်စက်သွားခဲ့လေသည်။
သူလိုချင်ခဲ့တာလည်း ဒီလိုမျိုးပါပဲလေ။
ခွေးသွေးအလွဲသုံးစားလုပ်ခံရပြီးနောက် ခွေးသွေးအားပြန်လည်တိုက်ခိုက်သည်။
BE


အခန်း(၁)

1

ဟယ်ယွီစန်တစ်ယောက် ချမ်းအေးလွန်းတဲ့ ဆောင်းညတစ်ညမှာ သူ့ရဲ့မျက်ဝန်းတွေကို ထာဝရ မှိတ်စက်သွားခဲ့လေသည်။

ဘဝကတိုတောင်းလွန်းသည်။ ဒါပေမဲ့လည်း နောက်နှစ် နွေဦးပန်းပွင့်လေးတွေ ပွင့်လန်းလာသည်ကို သူမြင်တွေ့ချင်သေးပေမဲ့ အဲ့တာက တစ်ကယ်ကို နှမြောစရာကောင်းလွန်းပေ၏။

သူမကြာသေးခင်ကပဲ အရင်ချစ်သူဆီက ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိခဲ့သည်။

သူ့နှလုံးထဲကနေ တိတ်တိတ်လေး ချစ်ရသူကို ခေါ်လိုက်သည်။ဘယ်သူမှ မကြားလိုက်စေပဲနဲ့ပေါ့။
အဲ့ဒီ့လူဆီမှာ ချစ်ရသူတစ်ယောက်ရှိနေပြီဆိုရင်တောင်မှလေ။

"ဟယ်ယွီစန် မင်းခန်မှန်းကြည့်ပါလား ငါဘယ်မှာရှိနေလဲ?"

တစ်ဖက်သား၏ လေသံက ကြင်နာမှုမရှိ လှောင်ပြောင်နေသကဲ့သို့။

ဟယ်ယွီစန် ထိုလှောင်ပြောင်မှုကို လျစ်လျူရှုလိုက်ပြီး ဖုန်းကို မျက်နှာပြင်ထက် ကပ်ထားလိုက်သည်။ ချစ်ရသူရဲ့ လက်လေးသဖွယ်သဘောထားလျက်။

"လုကော....ငါ...." သူတွေဝေမိန်းမောနေမိသည်.. နှစ်အတော်ကြာ ပျောက်ကွယ်သွားပြီးမှ ပထမဆုံးအကြိမ် နားမလည်နိုင်စွာ လုကျင်း သူ့မြင်ကွင်းရှေ့ တွေ့မြင်လိုက်ရသည့် အခိုက်အတန့်။

သူလှည့်စားခဲ့ပြီးမှ ​ရှေ့တိုးကာ တစ်ဖက်လူကို ​ပွေ့ဖက်ဖို့ရာ သူ​စဥ်းစားနေမိသည်။ လေးလံလွန်းသည့် စိတ်ခံစားချက်ကြောင့် သူ့အပေါ် ဝန်လေးနေခဲ့သည်။

တဖြေးဖြေးနှင့်ပင် လုကျင်းမျက်နှာက ကြည့်ရဆိုးလာတော့သည်။ ပြိုင်ဘက်ရန်သူတစ်ယောက်ကို တွေ့လိုက်သည့်အလား။

"မှတ်မိသေးရဲ့လား.. အရင်နှစ်တွေတုန်းက ငါပြောဖူးတယ်လေ မင်းကို မြောက်ဥရောပမှာရှိတဲ့ ဥတ္တရအလင်းတန်းတွေကို ကြည့်ဖို့ ခေါ်သွားမယ်လို့" (*မြောက်ဝင်ရိုးစွန်းနားက Aurora အလင်းတန်း အောက်ဆုံးမှာ ပုံပြထားမယ်နော်)

无人知晓 「Nobody Knows 」 ??????? ??????????? MM TranWhere stories live. Discover now