抖阴社区

Extra 2

763 104 2
                                    

လုကျင် ၂

ဟယ်ယွီစန် replyပြန်မဖြေခဲ့။ လုကျင် နည်းနည်းတော့ စိတ်ဓာတ်ကျသွားသည်။ ဒါပေမဲ့ သူဘာမှတော့မလုပ်ခဲ့။

သူ ဒုတိယရက်တွင် သူကိုယ်တိုင် ကားမောင်းလျက် ဟယ်ယွီစန် လက်ရှိနေထိုင်နေသော တိုက်ခန်းသို့ သွားရောက်ခဲ့သည်။

သူသည် ကျီကျဲအား ထိုလူ၏ နေ့စဥ်ဘဝကို ဂရုစိုက်ပေးစေရန် စီစဥ်ပေးခဲ့သည်။ ကျီကျဲက ဂရုစိုက်ပေးပါ၏။ သူက ဟယ်ယွီစန်ကို ဂရုစိုက်နေသည့်ကိစ္စအား ဝန်မခံချင်ပါ။ တစ်ကယ်တော့ ရည်းစားဟောင်းအား စောင့်ရှောက်ပေးပြီး ကောင်းမွန်သည့် အမူအကျင့်ကို ထိန်းသိမ်းသင့်သည်ဟု သူထင်သည်_ _ အနည်းဆုံး အစားအစာ၊ ကား ၊ ပြီးတော့ တိုက်ခန်း သိပ်တော့ မဆိုးရွားလောက်ပါဘူး။ (*ချစ်နေလို့ ဂရုစိုက်ပေးနေတာကို ရည်းစားဟောင်းမို့လို့ တာဝန်၊ဝတ္တရားလို့ ခေါင်းစဥ်တပ်ပြီး ကိုယ့်ကိုကိုယ်လိမ်နေတာပါရှန်)

တံခါးဖွင်ကာ ဝင်လိုက်သောအချိန် ကျီကျဲက အဖြူရောင် အဝတ်အစားကို ဝတ်ဆင်ထားပြီး သူမ၏ မျက်ဝန်းတို့က နီရဲရောင်ရမ်းနေပြီး သူမ၏ သာမန်သွင်ပြင်နှင့် အလွန်ပင် ကွဲပြားနေ၏။ (*ပြောင်အဝတ်စားလို့ သုံးထားလို့ အဖြူလို့ ရေးလိုက်ပါတယ်.. တရုတ်တွေက လူသေရင် အဖြူရောင်ဝတ်ကြတာဆိုတော့လေ)

လုကျင်ရောက်လာသည်ကို မြင်တွေ့လိုက်သောအခါ ခဏတာ အေးစက်သွားပြီး သူမမျက်နှာထက် မှိန်းမောတွေဝေသွားသည့် အမူအရာတို့ ဖြတ်ပြေးသွားကာ လုကျင်ရောက်လာသည်က ဆန်းကြယ်နေသကဲ့သို့။

လုကျင်ကိုယ်တိုင်လည်းသိပါသည်။ ဟယ်ယွီစန် ဒီကို  စပြောင်းလာပြီးကတည်းက သူလာဖြစ်ခဲ့တာ ရှားပါလွန်းလှပြီး ပြီးတော့ အခုကလည်း ပထမဆုံးအကြိမ် ကြိုပြီး ဘာမှမပြောဘဲ လာခဲ့ခြင်းဖြစ်လေသည်။

သူချောင်းဟန့်လိုက်ကာ ပတ်ဝန်းကျင်ကို လိုက်ကြည့်လိုက်ပေမဲ့ အဲ့ဒီလူကိုမတွေ့ရတာကြောင့် မေးလိုက်သည် : "ဟယ်ယွီစန် ဘယ်မှာလဲ? "

ထိုလူရဲ့ အမည်ကြားလိုက်ရတော့မှ ကျီကျဲ နောက်ဆုံးတော့ အံ့သြမှင်သတ်နေရာမှ ပြန်လည် နိုးထလာခဲ့ပုံရသည်။

无人知晓 「Nobody Knows 」 ??????? ??????????? MM TranWhere stories live. Discover now