လုကျင် ၁
"ဟယ်လို?"
လိုင်းက သိပ်ပြီး မကောင်းသည့်အတွက် လုကျင်က ဟယ်ယွီစန်၏ နောက်ဆုံးစကားလုံးအား ရှင်းလင်စွာ မကြားလိုက်သည်က ဖြစ်ကောင်းဖြစ်နိုင်၏။
ဒါပေမဲ့ သူခပ်ရေးရေးကြားလိုက်မိသည့် စကားလုံးတို့က " သူနဲ့အတူကြည့်ချင်တယ်" ပြီးတော့ " မင်းနဲ့အတူ ခရီးအတူတူသွားချင်တယ်"
အဲ့ဒီ့အရာက သူ့နှလုံးသားကို ပြောမပြတတ်အောင် နူးညံ့လာစေ၏။
မျှော်လင့်ထားသကဲ့သို့ပင် ဟယ်ယွီစန်က သူ့ကိုယ်သူ ဂရုစိုက်နေမြဲပင်။
ဟယ်ယွီစန်က သူ့အား အမြဲလိုလိုပင် ထားပစ်ခဲ့ပြီး အဲ့ဒီ့အရာက သူ့အား မပျော်မရွှင်ဖြစ်စေ၏။ သူအမြဲတမ်း သူ့(ဟယ်ယွီစန်) အနား နေနိုင်ရန် ကြိုးစားခဲ့သည်။ သို့သော် သူ၏ ယုတ်ညံ့ပြီး ရှက်စဖွယ် အပြုအမူတို့အား လက်ခံနိုင်ခြင်းမရှိခဲ့။
ဒါကြောင့်ပင် ဟယ်ယွီစန်အား သော့ခတ်သိမ်းထားခဲ့ပြီး သူကိုယ်တိုင်ကပင် သူ့(ဟယ်ယွီစန်)ကို မတွေ့မိအောင် ထိန်းချုပ်ထားခဲ့လေသည်။
(ဟယ်ယွီစန် သူ့အနားက ထွက်သွားချင်တာကိုတောင် သူက လက်မခံပဲ အိမ်တစ်လုံးပေးပြီး အကျယ်ချုပ်ပုံစံထားသလို နေခိုင်းထားတာကို သူ့ကိုယ်သူ ယုတ်ညံ့တယ်လို့ ထင်နေတာပါ)
သည့်အပြင်လည်း သူက ဟယ်ယွီစန်က အကယ်၍များ မနာလိုဖြစ်လေမလားလို့လည်း သိချင်နေမိသေး၏။ ဒါကြောင့်ပင် သူက လင်ယွီ့အား အလည်အပတ်ခေါ်သွားပေးပြီး သူ၏ အချစ်သစ်မှာ လင်းယွီ့ဟု လူအများက ထင်မြင်မိကြမည်ပင်။
လင်ယွီ့က သူ့အားသဘောကျသည်။ သူသိ၏။ ဒါပေမဲ့လည်း အဲ့တာက အပေါ်ယံ သဘောကျခြင်းသာဖြစ်ပြီး လင်ယွီ့က သူ့ပိုက်ဆံတို့အား ပို၍ သဘောကျသည်။ သို့သော် လင်ယွီ့၏ မျက်နှာသည် ဟယ်ယွီစန်ငယ်ငယ်က မျက်နှာနှင့် အလွန်ပင် တူလေသည်___ လင်ယွီ့သည်လည်း ထိုတောက်ပရွန်းလဲ့သော မျက်ဝန်းများဖြင့် သူ့အား အရိပ်တကြည့်ကြည့်ဖြင့် ကြည့်နေပေလိမ့်မည်။ ဒါကြောင့်ပင် သူသည် လင်ယွီ့၏ ကုမ္ပဏီဆန်သော ခံစားချက်အား သဘောကျခဲ့လေသည်။ နောက်ဆုံးတွင် သူသည် အတိတ်တွင် နေထိုင်ပြီး မိမိကိုယ်ကို မဖြုန်းတီးပစ်နိုင်ပေ။
(*လင်ယွီ့က ပိုက်ဆံပဲ ကြိုက်တာတောင် သူ့မှာ ဟယ်ယွီစန်နဲ့ ရုပ်ချင်းတူနေလို့ ok ပါတယ်တဲ့)

YOU ARE READING
无人知晓 「Nobody Knows 」 ??????? ??????????? MM Tran
Short StoryTitle _ Nobody knows Author_ 又蓝 #BE