抖阴社区

INTO THE UNKNOWN (1)

136 14 0
                                    

INTO THE UNKNOWN (1)

လွန်ခဲ့သော နှစ်နှစ်ခန့်က...

'Lee' မျိုးနွယ်စုအိမ်တွင် ကျင်းပလျက်ရှိသော ညစာစားပွဲ ပါတီပွဲတစ်ခု။အိမ်အရှေ့ဘက်မှာတော့ မီးရောင်စုံတွေနဲ့ လူတွေရှုပ်ရှက်ခက်နေလေရဲ့။နောက်ဆုံးပေါ်ဇိမ်ခံကားတွေဟာလဲ ခြံဝန်းထဲမှာ နေရာအပြည့်ယူထားလျက်။တောက်ပြောင်လွန်းလှတဲ့ အဝတ်အစားတွေနဲ့ အထက်တန်းလွှာမိသားစု‌တွေကလဲ အိမ်ပိုင်ရှင်ကို နှုတ်ခွမ်းဆက်သလို့ မပြီးနိုင်အာင် ဖြစ်နေကြတယ်။

အိမ်ရဲ့အနောက်ဘက်မှာရှိတဲ့ ရေကူးကန်ကလဲ ခါတိုင်းနဲ့မတူ မိန်းမလှလေးတွေနဲ့ပြည့်နေတယ်။ညစာစားပွဲဟာ ည၁၀နာရီလောက်မှာပြီးမှာဆိုပေမယ့် တစ်ဆက်တည်းမှာပဲ လူငယ်တွေချည်းသီးသန့်ပျော်နိုင်မယ့် ပါတီတစ်ခုရှိတာမို့ မြူးမြူးကြွကြွ သီချင်းသံကလဲ တစ်ဖြည်းဖြည်းအသံကျယ်လာနေတယ်။

"Mr.Jake  ခင်ဗျား ဒီလောက်ပဲ ချမ်းသာလို့ မရဘူးလား ကျွန်တော်တို့အတွက်လဲ ချန်ပါအုံးဗျာ"

MH groupရဲ့ပိုင်ရှင် သူဌေးက စစနောက်နောက်ပြောတော့ ဘေးက လူတွေကရော ဝိုင်းရယ်ကြတယ်။ကာယကံရှင် Mr.Jake လို့ခေါ်တဲ့ Lee Jenoကတော့ ဝိုင်ခွက်ကို ကိုင်ရင်း အမူအရာမပျက် ပြုံးလိုက်တယ်။

Lee Jenoအသက် ၂၆နှစ်။
ဒီညပွဲရဲ့ အဓိက တော်ဝင်မင်းသား တစ်ပါးလို့ ဆိုရလေမလား။suitအမဲရောင်ဟာ Lee Jenoကြောင့်ပင် ပို၍တင့်တယ်သွားသလို။ဖြောင့်စင်းတဲ့ဆံပင်တွေဟာ နဖူးပေါ် ဟိုတစ်စဒီတစ်စ ဝဲကြလို့။နှုတ်ခမ်းကိုကော့ညွှတ်လို့ ပြုံးလိုက်ခြင်းဖြင့် ရှယ်ယာဈေးတွေ နှစ်ဆမြင့်တက်အောင် စွမ်းဆောင်နိုင်သူပင်။ချောမောမှုနဲ့ သန္ဓေတည်ထားတဲ့အပြင် ပစ္စည်းဥစ္စာတွေဟာ ဘေးမှာ တဝဲလည်လည်ရှိ‌ေနသည့်သခင်လေးတစ်ယောက်ပင်။

ပိုင်ဆိုင်မှုဆို မျိုးနွယ်စုတစ်စုစာတင်မှ မဟုတ်ဘဲ။
'Lee' မျိုးနွယ်စုတွေရဲ့ ပိုင်ဆိုင်မှုတွေအပြင် ''Huang' မျိုးနွယ်စုရဲ့ လုပ်ငန်းတွေရော ပိုင်ဆိုင်မှုတွေရောက အခု သူ့လက်ထဲရောက်လာခဲ့ပြီလေ။ကျေနပ်စရာအကောင်းဆုံးက ကော လို့တယုတယခေါ်ခဲ့ရတဲ့ နာမ်စားပိုင်ရှင်လေးက အခု သူ့ဘေးမှာပဲ တစ်သက်လုံး နေနေရတော့မှာ။

INTO THE UNKNOWN Where stories live. Discover now