Epilogue
အသက်၁၅နှစ်အရွယ် သခင်လေး နှစ်ယောက်က ခြံအကျယ်ကြီးထဲမှာ အတူတူလမ်းလျှောက်နေကြသတဲ့။
"ကော ဟိုဘက်မှာ ပန်းလေးပွင့်နေလို့ ကျွန်တော်ခူးလာခဲ့တာ လှတယ်မို့လား"
"အင်း ကောရဲ့ Jenoက အတော်ဆုံးပဲ မားမားကို သွားပေးရအောင် မားမားက ပန်းအရမ်းကြိုက်တာလေ ပန်းပေးရင် ပျော်သွားမှာ မားမားဗိုက်ထဲက ပန်းသီးလေးမိန်မိန်လဲ ပန်းကိုတွေ့ပြီး ဗိုက်ထဲက ခုန်ထွက်လာရင်ကောင်းမယ်"
"ဟုတ် ပန်းသီးလေးမွေးလာရင် ကောက ကျွန်တော့်ကို ပစ်ထားတော့မယ်ထင်တယ်"
"ဟာ ကောကJenoကို ပစ်ထားစရာလားလို့"
Renjun အဖြေကြောင့် မျက်လုံးလေးတွေ မှိတ်ကျအောင် ရယ်ပြတဲ့ Lee Jenoဆိုတဲ့ကလေးကို Huang Renjun က သိပ်ချစ်ပါတယ်တဲ့။
"အော် သားက Huang Renjun လေး ထင်တယ်"
မသိတဲ့သူစိမ်းလူကြီးတစ်ယောက်က Renjun အရှေ့လာရပ်ပြီး Renjun ခေါင်းကို လာပုတ်တော့ လန့်ပြီး အနောက်ကို ဆုတ်လိုက်တယ်။
"ဦးလေးက ဘယ်သူလဲ ကော ခေါင်းကို ဘာလို့ပုတ်တာလဲ"
Lee Jenoပေါက်စလေးက Renjun အရှေ့မှာ ရပ်ပြီး သူစိမ်းလူကြီးကို မကြောက်မလန့်နဲ့ ရန်ထောင်သတဲ့။သူ့ 'ကော' ကို ကာကွယ်ဖို့တဲ့လေ။
"ဟော အစွာလေးက Lee Jeno လေးမှ ဟုတ်ရဲ့လား ငါ့တူက ကိုယ့်ဦးလေးကိုတောင် ပြန်ရန်ထောင်နေပြီပဲ"
"သား အဲ့တာ ဒယ်ဒီ့အကို သားဦးလေးပဲ ယဉ်ယဉ်ကျေးကျေး ပြန်နှုတ်ဆက်လိုက်"
Jenoအဖေက ရောက်လာပြီး တူဝရီးနှစ်ယောက်ကို မိတ်ဆက်ပေးတယ်။
"မင်္ဂလာပါ ဦးဦး သားတို့မသိလို့ပါ"
"ဟုတ်ပါပြီကွယ်
အော် ဒါနဲ့ ဒါက ဦးဦးရဲ့သားကြီး Lee Donghyuck တဲ့
သား ဒါက သားရဲ့အကို Lee Jenoတဲ့ "အီမျိုးနွယ် ကလေးနှစ်ယောက်က ခနတာလောက် ဘာမှမလုပ်ပဲ တစ်ယောက်နဲ့တစ်ယောက်ရပ်ကြည့်နေကြတယ်။
"သားတို့သုံးယောက် ကစားနှင့်ကြနော် အန်ကယ် မင်းဒယ်ဒီနဲ့ အပြင်ခနသွားအုံးမယ်"
