INTO THE UNKNOWN (3)
မနက်ခင်း၇နာရီ။
အုံ့မှိုင်းနေတဲ့ကောင်းကင်ကြားကနေ မပွင့်တစ်ပွင့် နေရောင်ခြည်ကို အဖော်ပြုပြီး Lee Jenoတစ်ယောက် အိပ်ယာက ထလာခဲ့တယ်။အမြဲလိုလို အငြင်းပွားမှုရဲ့အဆုံးမှာ ခံစားပြီးကျန်နေခဲ့ရသူက သူပါပဲလေ။အတိအပရှင်းလင်းချက်မပေးနိုင်ခြင်းကို ကောက အပြစ်လို့မြင်သတဲ့။တီ~တီ
ရေချိုးခန်းက ထွက်ထွက်လာခြင်း ဝင်လာတဲ့ဖုန်းကို ကိုင်လိုက်တယ်။
"ပြော"
"Jakeရဲ့ခန့်မှန်းချက်မှန်တယ် နောက်ကွယ်ကလူက အတွင်းရေးမှူးယွန်းပဲ ကျွန်တော် ဘာထပ်ပြီး လုပ်ပေးရအုံးမလဲ"
Jenoက မှန်ကိုကြည့်ရင်း အရှေ့ဆံပင်တွေကို ဖုန်းမကိုင်ထားတဲ့ လက်နဲ့ အသာသပ်တင်လိုက်တယ်။ပြီးတော့ မှန်တင်ခုံပေါ်တင်ထားတဲ့ နာမည်ကြီးBrand နာရီကို ယူကြည့်လိုက်တယ်။မနေ့ညက ပွဲမှာဖြစ်ခဲ့တဲ့ကိစ္စအတွက် တစ်ညလုံး အချိန်ပေးခဲ့ရသည်။အစောပိုင်းကတည်းက သံသယဝင်နေသူတွေကို ဆွဲထုတ်ပြီး ဟုတ် မဟုတ် အတည်ပြုခိုင်းလိုက်ခြင်းပင်။
"ရပြီ ကျန်တာ ငါဆက်လုပ်လိုက်မယ် မင်းရော အဲ့မှာအဆင်ပြေလား"
Andy Park။အလုပ်အကိုင်က programmerတစ်ယောက်။နောက်ထပ်အလုပ်အကိုင်တစ်ခုကတော့ Lee Jeno တစ်ယောက်တည်းရဲ့Hacker။
အခုလက်ရှိက အီတလီမှာဖြစ်ပြီး အရင်လက ဖြစ်သွားတဲ့ လုပ်ကြံမှုမှာ ထိခိုက်မှုအနည်းငယ်ရှိသွားတာမို့ Lee Jeno ကိုယ်တိုင် အီတလီဘက်ကို ရှောင်ခိုင်းထားခြင်းဖြစ်သည်။"ကျွန်တော် အဆင်ပြေပါတယ် ဒါပေမယ့် Jakeငှားပေးတဲ့ဟိုတယ်က မနက်စာမကောင်းဘူးဗျာ"
"အဲ့တော့ ငါက မင်းအတွက်မနက်စာအထိ လာချက်ပေးရမှာလား"
အခုကတော့ Jenoက ဝတ်စုံလဲနေတာမို့ ဖုန်းစပီကာကိုဖွင့်ပြီး ပြောနေတယ်။စပီကာထဲကနေ Andyရဲ့ ရယ်သံကိုကြားလိုက်ရတော့ Jenoက နက်ကတိုင်လ်စီးရင် လိုက်ရယ်လိုက်မိသည်။
"မနေ့က ဘယ်သူတွေထိခိုက်သွားသေးလဲ"
"ကော ထိခိုက်သွားတယ် ဒါပေမယ့် ငါ့ရဲ့သက်တော်စောင့်က အမြန်လှုပ်ရှားတာမို့ မြန်မြန်ပဲဖြေရှင်းပြီးသွားတယ်"
