"ဘယ်လိုလဲ ကျွန်တော်ရှာပေးတဲ့ သက်တော်စောင့်တွေက မိုက်တယ်မို့လား"
Andyက သူ့ကိုယ်သူ ဂုဏ်ယူသလိုပြောနေတာ မျက်နှာချင်းဆိုင်သာရှိရင် Andyရဲ့ မှိတ်ကျသွားတဲ့မျက်ဝန်းတွေနဲ့ ကလေးလို ပြုံးရယ်နေတဲ့အပြုံးတွေကို တွေ့နိုင်မှာ အမှန်ပင်။
"အော် မင်းငါ့အတွက် နောက်ဆံုးရှာပေးတဲ့ Peter Lee အကြောင်းက အပြည့်အစုံမပါဘူး ရှာပြီး ငါ့ကိုပို့ပေးအုံး"
"Peter Lee? အော် လန်ဒန်အခြေစိုက်ရုံးကလူ သူတို့ရုံးက data တွေက လွယ်လွယ်ဝင်မွှေလို့မရဘူး ဒါပေမယ့် ကျွန်တော် ကြိုးစားကြည့်ပါ့မယ်"
Andy က ကလေးဆန်ဆန်ပျော်ပျော်နေတတ်ပေမယ့် အလူပ်လုပ်တဲ့နေရာမှာတော့ proတစ်ယောက်ပင်။မျက်မှန်ကိုပင့်တင်ပြီး လက်ချောင်းအနည်းငယ်လှုပ်ရုံနဲ့တင် companyတစ်ခုရဲ့ ရှယ်ယာအတက်အကျကို ထိန်းချုပ်နိုင်သလိုမျိုး။
"ခိုင်းတယ်လို့တော့ မထင်နဲ့ငါ့ညီ ငါ့အတွက် အတွင်းရေးမှူးအသစ်တစ်ယောက်ပါ ရှာထားပေးအုံး အခုအတွင်းေရးမှူးယွန်းကို အပြတ်ဖျက်တော့မှာဆိုတော့ နေရာလွတ်ကျန်နေရင် မကောင်းဘူး မြန်လေ ကောင်းလေ"
"အိုခေ bro မနက်စာကောင်းကောင်းလေးပြင်ပေးဖို့ပြောပေး..."
Andy စကားမဆုံးခင်မှာတင် Jenoက ဖုန်းခေါ်ဆိုမှုကို အသိမပေးပါဘဲ ချလိုက်တယ်။တစ်ဖက်လူက ဒေါသထွက်ပြီး ကျန်နေကောင်းပါရဲ့။
ဖုန်းချပြီးတော့ Jenoက အကုန်ပြင်ဆင်ပြီးသားဖြစ်နေပြီ။ရေမွှေးပုလင်းကို ယူပြီး လက်ကောက်ဝတ်ပေါ် ရေမွှေးဖျန်းလိုက်တယ်။နာရီကို လက်မှာပတ်လို့ မနက်စာစားဖို့ dining room ကို ဝင်လိုက်တယ်။
"မနက်စာကို ပုံမှန်အတိုင်းပဲ လုပ်ပေးပါ
ပြီးတော့ ကောအတွက် ကြက်ပေါင်းဟင်းရည်လေးလုပ်ထားပေးပါ"လည်ပင်း အပေါ်ယံကို ထိထားတာဆိုပေမယ့် လည်ချောင်းနာနေနိုင်တယ် အစာဝါးရတာအဆင်မပြေဖြစ်နေနိုင်တာမို့ ကြက်ပေါင်းရည် ပူပူလေးက ကောအတွက်အသင့်တော်ဆုံးလို့ စဉ်းစားမိလိုက်တယ်။ငယ်ငယ်ကဆို ဖျားရင်ဆန်ပြုတ်မသောက်ချင်တဲ့ Jenoအတွက် ကောက ကြက်ပေါင်းရည်လုပ်တိုက်နေကြ။ဆေးမသောက်ချင်ဘူးလို့ပြောရင် တစ်လှည့်ပြန်စိတ်ဆိုးတတ်တဲ့ကောကြောင့် သူ့ခဗျာ ဆေးခါးကြီးတွေကို ကြိတ်မှိတ်သောက်ပေးနေကြ။

INTO THE UNKNOWN (3)
Start from the beginning