抖阴社区

???????(?)zawgyi

2.1K 15 0
                                        

Start-May.18.2024

ညနေ နေဝင်ရီတရောအချိန်...
နွေဥတုဖြစ်သည်မို့ တစ်နေကုန်နေလောင်ဒဏ်ခံထားရတဲ့ရွာကလေးအား လေပြေညှင်းလေးက ရွာလမ်းတစ်လျှောက်ဖြတ်ကာ တိုက်ခတ်နေသည်။ လေတစ်ချက်အဝေ့မှာ မြေနီလမ်းတစ်လျှောက်ကဖုန်မှုန့်လေးများလွှင့်မျောနေခြင်းနဲ့အတူ ထန်းပင်မှထန်းရွက်များ အချင်းချင်းရိုက်ခတ်သံများက တရှပ်ရှပ်။ တစ်နေကုန်ဖုန်ထခဲ့သည့်ရွာလမ်းလေးက လူသွားလူလာများလာသည်နှင့်အမျှ သဲနံ့သင်းသင်းလေးကျန်ရစ်‌ခဲ့သည်။

" ဗျို့ ခေါင်းဆောင်ရေ "

" ကျုပ်ရှိတယ် ဝင်ခဲ့ဗျာ "

" သူကြီးခေါ်ခိုင်းလိုက်လို့ပါဗျာ "

" ဟုတ်ပြီဟုတ်ပြီ ကျုပ်လိုက်လာခဲ့မယ် "

ကိုတာတီးသည် သူကြီးလွှတ်လိုက်လို့ အပြေးလေးဆရာက်လာခဲ့သည်။ ကိုတာတီးဆိုတာ သူကြီးဘာခိုင်းခိုင်းမငြီးမငြူလုပ်ပေးတတ်သူတစ်ယောက်ဖြစ်သလို ရွာရဲ့ဝေယာဝစ္စတွေဆိုလည်း ကိုတာတီးကဘဲဦးဆောင်လေ့ရှိသည်။ သူကြီးရဲ့အယုံကြည်ရဆုံးလူတစ်ယောက်ပင်ဖြစ်သည်။ သူကြီးခေါ်ခိုင်းလိုက်သည်ဆိုတော့ အရေးကြီးကိစ္စဖြစ်မှာဘဲဆိုပြီး ‌အဝတ်အစားလှဲလိုက်ပြီး သူကြီးအိမ်သို့သွားလိုက်သည်။

" သူကြီး "

" ရောက်ပြီလား လာထိုင်ဦးကွယ် "

" သူကြီးကျုပ်ကို ဘာအရေးကြီးပြောစရာများရှိနေလို့လဲ "

" ထွေထွေထူးထူးတော့မဟုတ်ပါဘူး မနက်ဖြန်အားတယ်မလား ရွာကိုဒေါက်တာတစ်ယောက်တာဝန်နဲ့လာလိမ့်မယ် အဲ့တာမင်းကိုသွားကြိုစေချင်တာ သိတဲ့တိုင်းဒီရွာက ရန်သူပေါတယ်ဆိုတော့ တခြားလူနဲ့ဆိုစိတ်မချဘူးကွယ် ငါ့သားကလည်း ငါလိုသူကြီးသားဖြစ်နေပြီး အချိုးကမဆပြဘူး မူး‌ရူးလို့ချည်းဘဲ အဲ့ကောင်လည်းမနိုင်ဘူး "

" ဟုတ်ကဲ့ ကျုပ်သွားကြိုပေးပါ့မယ် သူ့နာမည်ကဘာတဲ့လဲ "

" ကောင်းကင်ယံဆိုဘဲ သူကချစ်စရာလေးတဲ့ သတင်းကြားထားတာ ရွာကပျိုမေလေးတွေကတော့ မင်းအစားဒေါက်တာလေးကိုပြောင်းကြိုက်တော့မယ်ထင်တယ် "

??????????????Where stories live. Discover now