抖阴社区

???????(??)zawgyi

628 2 0
                                        

" ရောက်လာတော့လည်းကောင်းတာပေါ့ ချစ်တဲ့သူနာကျင်ရတာကို ဗီဒီယိုရိုက်ပို့စရာမလိုတာပေါ့ ‌ကြည့်နေ မင်းချစ်တဲ့ဒီကောင် ဘယ်လိုခံစားရမလဲဆိုတာ "

" မလုပ်... မလုပ်ပါနဲ့ ငါတောင်းပန်ပါတယ် ကိုကို့ကိုထပ်ပြီးနာကျင်အောင်မလုပ်ပါနဲ့တော့ မင်းလုပ်ချင်ရင် ငါကိုကို့အစားခံပေးမယ် ရိုက်မလား ထိုးမလား ငါပြန်မခုခံဘူးလို့ ကတိပေးပါတယ် "

" တကယ်လား မင်းကတိအတိုင်းပြန်မခုခံရဘူး ဒါမဲ့စိတ်မပူပါနဲ့ ကိုယ်မင်းကိုဒဏ်ရာရအောင်မလုပ်ပါဘူး မနေ့ညကကိုယ်မင်းကိုဖုန်းဆက်တဲ့အချိန် ဒီကောင်မင်းအပေါ်လုပ်ခဲ့သလိုမျိုး ကိုယ်လည်းပြန်လုပ်ချင်ရုံပါ "

" ဘာ! ခင်ဗျား... ဒါက... လွှတ်!! "

" အာဏာမင်းမြတ် မင်းကြည့်နေ မင်းအဲ့စောက်လုံးတွေကိုရှင်ရှင်ထားပြီးကြည့် မင်းရှေ့မှာမင်းချစ်တဲ့သူကို xိုးပြမယ် ငါကမင်းထက်ပိုကောင်းတယ်ဆိုတာသိစေရမယ် "

" ခွေးမသား!! မထိနဲ့ မင်းသူ့ကိုထိရင် ငါမင်းကိုတကယ်သတ်ပစ်မှာ "

ဒေါသကြောင့် နီရဲလာသော ကိုကို့မျက်နှာသည် တကယ်ကြောက်ဖို့ကောင်းလာသည်။ ကိုကို့အသက်ရှူသံခပ်ပြင်းပြင်းကိုလည်း အတိုင်းသားကြားနေရသည်။ ကိုကိုတကယ်ကို စိတ်တိုနေတာဘဲ။

" လွှတ်လို့!! လူယုတ်မာ "

ဖြန်း!!!

ကောင်းအား ဆိုဖာပေါ်လှဲချကာ အပေါ်ကနေအုပ်မိုးပြီး လည်တိုင်ကိုအတင်းနမ်းရှိုက်လာသည့်လူယုတ်မာကိုအတင်းတွန်းထုတ်ကာ ပါးရိုက်ပစ်လိုက်သည်။

" ငါ့ပါးကိုရိုက်ရဲတယ်ပေါ့ "

" မင်းလွှတ်စမ်း!! ရွံစရာတွေလာမလုပ်နဲ့ အယုတ်တမာကောင်! "

" အဟက်!! အယုတ်တမာကောင်ဟုတ်လား ရွံတယ်ဟုတ်လား အဲ့ကောင်ကရော သူ့ကိုကျမရွံဘူးလား သူယုတ်မာတာကျပြန်မပြောဘူးလား "

" ကိုကိုက ခင်ဗျားလိုမဟုတ်ဘူး ခင်ဗျားလည်းဘယ်တော့မှ ကိုကို့လိုဖြစ်လာမှာမဟုတ်ဘူး ခင်ဗျားဒီလောက်ယုတ်မာတာ ဘယ်သူကချစ်မှာလဲ ဪ မိဘတွေကပစ်သွားတယ်လို့ကြားတယ် အင်းပေါ့ဒီလိုလူယုတ်မာလိုကောင်ကို ဘယ်မိဘကလိုချင်မှာလဲ "

??????????????Where stories live. Discover now