❤️❤️❤️မဖတ်ရသေးသူများအတွက်❤️❤️❤️
မိထွေးနဲ့အတူမနေချင်တာကြောင့် နိုင်ငံခြားသွားဖို့ ကြိုးစားနေတဲ့ သလင်းဖြူ...
နိုင်ငံခြားသွားဖို့ အတွက် ငွေလိုနေလို့.မိခင်ဖြစ်သူရဲ့ ညီကိုမောင်နှမတွေ ဆီမှာ အမွေတောင်းဖို့ သွားရောက်ခဲ့တဲ့အခါ သူမဘာတွေ့ကြုံတွေ့ရမှာလဲ ...
ရေချိုးခန်းထဲက ကြားနေရတဲ့အသံတွေ
အိမ်ခြံဝန်းထောင့်က ဘိုးဘွားတွေရဲ့ အုတ်ဂူတွေ
ပျောက်ဆုံးနေတဲ့ အဒေါ်ဖြစ်သူ....
စာရေးသူ -A Kyi Phyuဧကြည်ဖြူ
"အဝါရောင် ရဲတိုက် "
အပိုင်း ( ၁ )
.
( နိဒါန်း )
အဝါရောင်ဆိုတာ ..ပျော်ရွှင်ခြင်း .... ဝမ်းမြောက်ခြင်း ...အနုပညာနဲ့ ထင်ရှားကျော်ကြားခြင်းကို ကိုယ်စားပြုသတဲ့ ...
တစ်နေမှာ ... အဝါရောင် ဆေးသား အပြည့်နဲ့ ခြယ်မှုန်းထားတဲ့ ရဲတိုက်ကြီးသဖွယ် ခမ်းနားကြီးကျယ်လှတဲ့ အိမ်ကြီးဆီသို့ .....သူမရောက်ရှိသွားတဲ့အခါမှာ.....
~~~~~~~~~~~~~~~~~~~~
"အစ်မလေး ထမင်းစားအုံးမလား... တစ်ဗန်းလုံးမှ ထောင့်ငါးရာတည်းပါ ...ငါးကြော်ပါတယ် ... ငရုတ်သီးကြော်နဲ့မြေပဲကြော်အပြင် သရက်ချဉ်သုတ်လဲပါတယ် ...ထမင်းကလဲ ဘူးအပြည့်ထည့်ပေးမှာပါ "
ဘေးနားမှာ ခေါက်တုံ့ခေါက်ပြန်လျှောက်ပြီး အော်နေသော ဈေးသည်၏ အသံစာစာနှင့်စျေးရောင်းသံကြောင့် မအိပ်ချင်ပါဘဲ ဇွတ်မှိတ် ပိတ်ထားမိသော မျက်လုံးများကို အသာဖွင့်ပြီး သလင်းဖြူ ကြည့်လိုက်မိသည်။ထိုအခါ စျေးသည်လေးကိုင်ထားသော စတီးဗန်းအသေးပေါ်ရှိ သရက်ချဉ်သုတ်များနှင့် ငရုတ်သီးတောင့်ကြော်များကို ကြည့်ပြီး တံတွေးကို မျိုချလိုက်မိသည် ။မည်မျှပင် စိတ်ဆင်းရဲသောကဖြစ်နေစေကာမူ ဗိုက်သည် အချိန်တန်ရင် ဆာလာမြဲပင်ဖြစ်သည်။ စျေးသည်ကလည်း သလင်းဖြူ၏ ဆာလောင်နေမှုကို သတိပြုမိပုံရသည်။ဟင်းထည့်ထားသော စတီးဗန်းကို သလင်းဖြူ၏ မျက်နှာရှေ့တည့်တည့်သို့ ဝေ့ကာဝိုက်ကာဖြင့် ဟန်ရေးပြ၍နေလေသည်။ငါးကြော်တုံးများသည်လည်း သလင်း ဖြူ၏ဆာလောင်မှုကို မျက်စပစ်ပြသကဲ့သို့ ရှိနေသောကြောင့် ခံနိုင်မရှိတော့သည့်အဆုံးတွင် သလင်းဖြူကဈေးသည် လေးကို ခေါ်လိုက်လေသည်။

YOU ARE READING
??????????????? (1/22)
Mystery / Thriller#??????????????? (? /???? ) Link ??????????????????????????????? ???????????????????????????? ??????????????????? ????????????? ????????... ??????????????????? ????? ????????????.?????????????? ????????????????????? ?????????????? ??????????????????...