ဧကြည်ဖြူ
" အဝါရောင်ရဲတိုက် "
အပိုင်း ( ၁၇ )
*
" ဖြူလေး .... "
စိုင်းလွှမ်းသည် နှုတ်မှ အော်လိုက်ရင်း သလင်းဖြူကို လမ်းနံဘေးသို့တွန်းထုတ်လိုက်ပြီးလျှင် ကိုယ်တိုင်လည်း လျင်မြန်စွာရှောင်တိမ်းလိုက်လေသည်။ထိုအခါ စက်ဘီးသည် လမ်းပေါ်သို့ လဲကျသွားလေရာ ဆိုင်ကယ်သမားသည် စက်ဘီးကို တိုက်မိမလိုဖြစ်သွားပြီး ဆိုင်ကယ်ကို ဝေါခနဲ မောင်းထွက်သွားလေသည်။
သလင်းဖြူမှာ တစ်ခဏအတွင်း ဖြစ်ပျက်သွားသော ထိတ်လန့်ဖွယ် အဖြစ်ပျက်ကြောင့် လူမှာ ကြောင်တောင် တောင်ဖြစ်နေမိလေသည်။
"ဖြူလေး မင်းဘာဖြစ်သွားသေးလဲ "
စိုင်းလွှမ်းသည် လဲနေရာမှ လူးလဲထလိုက်ပြီးနောက် သလင်းဖြူလဲနေရာသို့သွားကာ စိုးရိမ်တကြီးနှင့် မေးလိုက်လေသည်။
"ငါ ...ငါတို့ ဘာဖြစ်သွားကြတာလဲဟင် စိုင်းလွှမ်း
"သလင်းဖြူသည် လမ်းနံဘေး သဲပြင်ပေါ်မှ လူလဲ ထလိုက်ပြီးလျှင် စိုင်းလွှမ်းကို ယောင်နနနှင့် မေးလိုက်သည်။သလင်းဖြူတို့နှစ်ယောက်မှာ ကံကောင်းသည်ဟုပင် ဆိုရပေမည်။သူတို့လဲကျသောလမ်းဘေး၌ သစ်ရွက်ကြွေများနှင့်ဖုံးနေသော သဲများသာ ရှိနေခြင်းကြောင့် နှစ်ယောက်သား ထိခိုက်ဒဏ်ရာ မရရှိခဲ့ခြင်းဖြစ်ကြလေသည်။
" ဆိုင်ကယ်နဲ့တိုက်မိမလို ဖြစ်သွားရုံပါ ဖြူလေး....နင့်ကို ဆူးတွေ ဘာတွေနဲ့ ခြစ်မိသေးလား "
စိုင်းလွှမ်းက မေးရင်း သလင်းဖြူ၏လက်များကို ဆွဲယူကြည့်လိုက်လေသည်။
" ငါ ....ငါဘာမှ မဖြစ်ပါ စိုင်းလွှမ်း....နင်.... နင်ရော ဘာဖြစ်သွားသေးလဲဟင်...ဆိုင်တယ်က ငါတို့ကို တမင်ဝင်တိုက်ဖို့လုပ်တာပဲ ...ဆိုင်ကယ်သမားကို သိလား စိုင်းလွှမ်း '
သလင်းဖြူက တုန်တုန်ယင်ယင်နှင့်မေးလိုက်သည်။
"ဆိုင်ကယ်ဦးထုပ်ဆောင်းထားတော့ မမြင်လိုက်ရဘူး ဖြူလေး ... အန္တရာယ်က ငါတို့ထင်တာထက်ကို ပိုဆိုးနေပြီထင်တယ် ... မင်း ဒီထက်ပိုပြီးသတိထားနေမှဖြစ်မယ်နော် "

YOU ARE READING
??????????????? (1/22)
Mystery / Thriller#??????????????? (? /???? ) Link ??????????????????????????????? ???????????????????????????? ??????????????????? ????????????? ????????... ??????????????????? ????? ????????????.?????????????? ????????????????????? ?????????????? ??????????????????...