ဧကြည်ဖြူ
" အဝါရောင် ရဲတိုက် "
အပိုင်း ( ၁၁ )
****
ခြေသံကြောင့် သလင်းဖြူလန့်ဖျပ်ပြီး နောက်သို့ လှည့်ကြည့်လိုက်မိရာ ခန္ဓာကိုယ်မှာ ယိမ်းယိုင်၍ သွားလေသည်။
" အမေ့"
" ဟေ့ ...ဟေ့ သတိထားလေ "
နောက်မှ လူကအဆွဲ မြန်၍သာ သလင်းဖြူ ကံကောင်းသွားခြင်းဖြစ်ပါလေသည်၊ မဟုတ်လျှင် သလင်းဖြူ ချောက်ထဲသို့ကျရောက်သွားလိမ့်မည်ထင်ပါလေသည်။
"ကျေး...ကျေးဇူးတင်ပါတယ်ရှင် .... ဟင် ...ရှင် ...ရှင် ကိုထွဋ်ခေါင် "
သလင်းဖြူ ကျေးဇူးတင်စကားပြောပြီး မော့ကြည့်လိုက်မိသောအခါ မိမိကို ကူညီလိုက်သူမှာ ထွဋ်ခေါင်ဖြစ်နေမှန်း သိလိုက်ရသောကြောင့် အံ့သြသွားမိလေသည်။
"ရှင်က ...ဒီကို ဘာလာလုပ်တာလဲ "
" လမ်းလျှောက်ရင်း ရောက်လာတာပါ ...မင်းကရော ဘာလာလုပ်တာလဲ '
ထွဋ်ခေါင်၏ အမေးကို မဖြေချင်သောကြောင့် သလင်းဖြူ စကားကို လွှဲလိုက်သည်။
"ဒုက္ခပါပဲ လမ်းလျှောက်ရင်းလာဆုံကြတာ အရေးမကြီး ... ရွှေရည်ဝင်းသိရင် အလကားသက်သက် စကားတွေပြောရအုံးမယ် ... စိတ်ညစ်ပါတယ် "
သလင်းဖြူ၏ စကားကြောင့် ထွဋ်ခေါင်းနားမလည်နိုင်ဘဲ ပြန်၍မေးလိုက်လေသည်။
"ဘာစကားတွေပြောရမှာလဲ ..."
သလင်းဖြူသည် ထွဋ်ခေါင်ကိုကြည့်လိုက်ပြီး
"ဘာစကားပြောရမှာလဲ ...ရှင့်ရည်စားက အထင်လွဲပြီး ပေါက်ကရတွေ လျှောက်ပြောတာလေ ... စိတ်ညစ်ရတဲ့ ကြားထဲ အဲ့ဒီပြဿနာတွေကို မဖြေရှင်းချင်ဘူး ...အေးအေးဆေးဆေးပဲ နေချင်တာ "
သတင်းဖြူက ပြန်ဖြေလိုက်ရင်းမှ ပြန်ရန် ပြင်လိုက်သည်။
"ဘယ်သူက ကိုယ့်ရည်းစားလဲ ... မင်းပြောတာကို မရှင်းဘူး "
ထွဋ်ခေါင်က နားမလည်ဟန်ဖြင့် ထပ်၍ မေးလိုက်သည်။
"ကိုယ့်ရည်းစားကို တောင် မသိဘူးလား ..ရွှေရည်ဝင်းလေ ...ကျွန်မ သူနဲ့ပြဿနာမဖြစ်ချင်ဘူးရှင် "

YOU ARE READING
??????????????? (1/22)
Mystery / Thriller#??????????????? (? /???? ) Link ??????????????????????????????? ???????????????????????????? ??????????????????? ????????????? ????????... ??????????????????? ????? ????????????.?????????????? ????????????????????? ?????????????? ??????????????????...