抖阴社区

chapter 70

444 33 0
                                        

Chapter 70
July 07, 2024
🚩Chapter -70

Arc_4 . အွန်လိုင်းဂိမ်းနတ်ဘုရားက ငါ့ကိုအလိုလိုက်နေတယ် [ 8 ]

_____



ရေသူမမျက်ရည်စက်သည် အမှန်တကယ်တွင် အပြာရောင်အသည်းပုံ ပုံစံသလင်းကျောက်ဖြစ်သည်။ ဤအထူးပစ္စည်းသည် အလွန်စျေးကြီးပြီး သိုလှောင်ခန်းများတွင် ငွေဒင်္ဂါးအမြောက်အများနှင့်လဲလှယ်နိုင်သည်။ သေချာ‌ပေါက် ထိုကဲ့သို့သော ထူးခြားပစ္စည်းများအားစုဆောင်းကာ အမှတ်တရအဖြစ်သိမ်းထားကြသော ကစားသူများလည်းရှိသည်။

စုဝမ်က တိုက်ပွဲမှရရှိလာသော ဆုလာဘ်များကိုသိမ်းလိုက်သည်။ အတွေ့အကြုံအမှတ်ပြဘားတန်းတွင် 40%တိုးလာတာကိုကြည့်ရင်း ကျေနပ်မိကာ ရေသူမမျက်ရည်စက်အား လက်ထဲသို့ထည့်လိုက်သည်။

တောက်ပနေသည့်အပြာရောင် ရောင်ခြည်တန်းလေးက ပူဆွေးမှုအနည်းငယ်ကို ပေးစွမ်းနေ၏။

“တော်တော်လေးခံစားခဲ့ရမှာပဲ”

စုဝမ်က လက်ထဲရှိ သလင်းကျောက်ကိုကြည့်ကာသက်ပြင်းချလိုက်သည်။

“လူသားတွေက တစ်ကိုယ်ကောင်းဆန်ကြတယ်...ယောက်ျားတွေကပိုလို့တောင်ဆိုးသေးတယ် အသစ်ကနေပြန်စတင်ဖို့ အခွင့်အရေးရခဲ့မယ်ဆိုရင် အဲ့ဒီလူသားကိုပဲချစ်နေဦးမှာလား”

“ဟင်း...”

သက်ပြင်းရှည်ကြီးက စုဝမ်အနောက်မှ ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။ စုဝမ်လှည့်ကြည့်လိုက်ရာ ရေသူမလေး၏ ပြာဖျော့ဖျော့ဝိဉာဥ်သည် လေပေါ်တွင်မျောနေတာကိုတွေ့လိုက်ရ၏။

“ထောင်စုနှစ်ချီအောင်စောင့်နေခဲ့ပြီးနောက်ဆုံးတော့သင့်ကိုတွေ့ခဲ့ရပြီ”

ရေသူမလေး၏အသံမှာ သဘာဝ၏အသံကဲ့သို့ပင် နားဝင်ချိုလှသည်။

စုဝမ်ကသလင်းကျောက်ကို ဆုပ်ကိုင်လိုက်ကာ သူမရဲ့မျက်နှာအမူအရာကမူ တည်ငြိမ်နေသည်။ သူမ၏စိတ်ထဲတွင်တော့ အနည်းငယ် အံ့ဩနေမိ၏။ သူမထင်တာမမှားဘူးဆိုလျှင် သူမသည် Millenniumဧရိယာ၏ လျှို့ဝှက်တာဝန်အား မတော်တဆဖွင့်မိသွားတာဖြစ်နိုင်သည်။

?????????????????????????Where stories live. Discover now