Chapter 88
July 07, 2024
🚩Chapter -88Arc_4 . အွန်လိုင်းဂိမ်းနတ်ဘုရားက ငါ့ကိုအလိုလိုက်နေတယ် [ 26] END
_____
စုဝမ်သည်အိတ်ထဲမှ Tablet ကိုထုတ်၍ ဗီဒီယိုတစ်ခုအားဖွင့်လိုက်သည်။
“အခု လိုက်ဖ်လွှင့်နေတာလေးကို ကြည့်ရအောင်... မင်းသားရဲ့လက်ထပ်ပွဲက ကြီးကျယ်ခမ်းနားသင့်တယ်မလား။”
ယခုလက်ရှိ Tablet၏ မျက်နှာပြင်တွင် ခမ်းနားသည့်လက်ထပ်ပွဲကြီးအား ပြသနေပြီး သတို့သားသည် ထင်ရှားသည့်ပုံပန်းသဏ္ဌာန်ရှိသည်။ အပြာရောင်မျက်လုံးများ၊နက်မှောင်နေသောဆံနွယ်များနှင့် ထိုသူမှာ ယွီရှောင်းရှောင်း၏လက်ရှိချစ်သူ မင်းသားCharlesပင်ဖြစ်သည်။
“ဘာ...ဒါကဘာလဲ။ စုဝမ် ဒါက နင်ငါ့ကိုလှည့်စားဖို့လုပ်ထားတဲ့ လူတွေမလား။ ဒါတကယ်မဟုတ်ဘူး...အစစ်မဟုတ်ဘူး။”
ယွီရှောင်းရှောင်းက အသည်းအသန်သူမခေါင်းအား ရမ်းခါနေပြီး မျက်လုံးများကလည်းနီရဲနေကာ နှုတ်ခမ်းအား ဖိကိုက်ထားလေသည်။
“စုဝမ် အဆုံးထိဘာလုပ်ဖို့ကြိုးစားနေတာလဲ။ ဘာလို့ငါ့ကိုလွှတ်ပေးမထားနိုင်ရတာလဲ။”
စုဝမ်ခေါင်းခါလိုက်ရင်း “ နင့်ကိုလွှတ်မထားနိုင်တာက နင်ကိုယ်တိုင်ပဲလေ။ ယဲ့ထျန်းနောက်ကို ကောင်းကောင်းမွန်မွန်နဲ့ သစ္စာရှိရှိ လိုက်ခဲ့မယ်ဆိုရင် ဒီနေ့လိုကိစ္စမျိုးတွေအထိရှိလာလိမ့်မယ်လို့ထင်လား။ ယွီရှောင်းရှောင်း... အရာရာတိုင်းကို နင်ပဲလုပ်ခဲ့တာ။ ‘ယဲ့ထျန်းကိုချစ်တာကြောင့်’ ‘ယဲ့ထျန်းအတွက်စတေးခံလိုက်တာ’ တို့ကိုဆင်ခြေအဖြစ်နဲ့သုံးမနေနဲ့။ နင်တကယ် ယဲ့ထျန်းကိုပဲချစ်တယ် Charlesအပေါ်မှာခံစားချက်မရှိဘူးဆိုရင် မင်းသားCharlesလက်ထပ်ပွဲကိုမြင်တဲ့အချိန်မှာ ဘာတွေဒီလောက်တောင်လှုပ်ရှားသွားရတာလဲ။ ဘာတွေမှားယွင်းခံလိုက်ရသလိုခံစားနေရတာလဲ။ နင့်ကိုနင်ဘယ်လိုမြင်လိုက်လဲ...မင်းသားရဲ့အချစ်စစ်လား။ နင် နတ်သမီးပုံပြင်တွေအများကြီးဖတ်ခဲ့တာလား။ နင်က သူ့ရဲ့များပြားလှတဲ့ ဇာတ်လမ်းတွေထဲက တစ်ယောက်ပဲ။ မင်းသားCharlesက နင့်အပေါ်မှာ ခဏတာပဲစိတ်ဝင်စားသွားတာ။ သူ နင့်ကို ကူညီပေးဖို့ကတိပေးခဲ့တဲ့ အဓိကအကြောင်းအရင်းက ယဲ့ထျန်းရဲ့အရည်အချင်းကြောင့်ပဲ။”

YOU ARE READING
?????????????????????????
RomanceTitle - Sinister Ex-Girlfriend ?????????????????????????? ?Description ?????? ????????????????????????????? ? ???? " ???????????????????????????????? " ?????? ????????????????? ???????? ??????????? ???????????? ???????? ?????????????? ???????????...