抖阴社区

????? (??)

9.5K 118 0
                                        

"ကလေးမလေး အခြေအနေဘယ်လိုလဲ"
ဖြူဖွေးတဲ့အသားအရေ
ဩဇာညောင်းလွန်းလှတဲ့ လေသံနဲ့
လူတစ်ယောက်က
သူ့ရှေ့မှာရပ်နေတဲ့ မိန်းမပျို
ကိုမေးလိုက်ခြင်းပင်ဖြစ်သည်။
‌‌

"ဟုတ်ကဲ့ တော်တော်ကိုသက်သာလာပါပြီ"
ဆယ်ကျော်သက်အရွယ်လောက်ပဲ
ရှိသေးတဲ့ ကောင်မလေးက
မျက်နှာမှာ ခံစားမှုမရှိတဲ့ပုံနဲ့ပင်
ပြန်ဖြေလိုက်သည်။

ကောင်မလေးရဲ့အဖြေအဆုံးမှာ
arm chair ပေါ်မှာ စတိုင်ကျနစွာထိုင်နေတဲ့
လူရဲ့ နှုတ်‌ခမ်းအစုံဟာ မသိမသာကွေးတက်
သွားသည်။

"အနီးကပ်ပြုစုပြီး တစ်ခုခုဆိုတာနဲ့ အသိပေးပါ"
သူ့ရဲ့စကားအဆုံးမှာ ကောင်မလေးက
ဦးညွှတ်ကာ လှပတင့်တယ်လှတဲ့ ရုံးခန်းကြီးကနေထွက်သွားလေတော့သည် ။

✨✨✨✨

မာန်‌တစ်ယောက်
ဆေးရုံကုတင်ပေါ်မှာအိပ်ပျော်နေတဲ့
‌ကလေးမလေးကိုကြည့်ပြီး
ရင်ဘတ်တစ်နေရာကအတိုင်းမသိနာကျင်မိသည်။

အဲ့နေ့ညက သူတကယ်ကို
လန့်နေခဲ့တာ။ အဖျားကြောင့်နီရဲနေတဲ့
မျက်နှာလေး၊ နာကျင်လွန်းလို့
ငိုနေပုံရတဲ့ အော်သံလေး...
ဒါတွေကိုမာန်အပြင်မှာထုတ်ပြခဲ့လားဆိုရင်
မထုတ်ပြခဲ့ပါဘူး။

နောက်ထပ် အခန်းအတွင်းက
ခုံတန်းလေးပေါ်မှာ ကွေးကွေးလေး
အိပ်နေတဲ့ သူမဆီသို့
အကြည့်တွေက ရောက်သွားပြန်သည်။

သူအပြင်မှာထုတ်မပြောပင်‌မဲ့
သူမကတကယ်လိုလှပတဲ့
မိန်းကလေးပါ။
နှာတံချွန်ချွန်လေးနဲ့ ဝိုင်းစက်နေတဲ့
မျက်လုံးလေးက သူမအလှကို
ပိုမိုပေါ်လွင်စေသည်။

အမှန်အတိုင်းဝန်ခံရရင်
သူမကို ဟိုးအရင်ကတည်းက
သိဖူးခဲ့သလို ခံစားချက်ကြီးက
ရှိနေသည်။ သူ့ကိုယ်သူလည်း
ဘာကြောင့်ဆိုတာ တပ်အပ်မပြောနိုင်ပေမယ့်
သူမက သူဟိုးအရင် ရင်းနှီးကျွမ်းဝင်ခဲ့တဲ့
လူတစ်ယောက်လို...

"မင်းတို့နှစ်ယောက်ဘာကြောင့်ဒီလိုပုံစံမျိုးနဲ့
ငါ့ဘဝထဲကို ဝင်လာခဲ့ကြတာလဲကွာ.."

တစ်ခါတစ်လေမှာ အမုန်းခံနေရတဲ့
လူနာကျင်သလိုပဲ
မုန်းဖို့ကြိုးစားနေတဲ့လူကလည်း
အတိုင်းမသိနာကျင်ရပါတယ်။

??????????????Where stories live. Discover now