Ch 171
ဒီတစ်ခါ ကုချင်းယောင် အရင်တစ်ခေါက်တုန်းက တွေ့ခဲ့တဲ့ ဒရာမာကင်း အဘိုးကြီးကော်နဲ့ ထပ်တွေ့ရသည်။ ဒီအဘိုးကြီးက တကယ်ဘဲ ချမ်းသာကြွယ်ဝသူဖြစ်ပြီး သူ့လက်ထဲမှာလည်း ပစ္စည်းကောင်းတွေ အများကြီးရှိတယ်။ ဒါ့အပြင် အစားပုတ်ကလည်း ဖြစ်သေး ဟားဟား!
ကုချင်းယောင်လက်ထဲမှာ ဖက်ထုပ်နဲ့ ဝမ်တန်တွေ အများကြီးရှိနေတာကို မြင်လိုက်ရတော့ သူ့မျက်လုံးတွေက သုံးကီလိုဝပ် မီးသီးတစ်လုံးလို တောက်ပလာသည်။
"သမီးလေး! မင်းက အရမ်းတော်တာပဲ။ အရင်တစ်ခေါက် အသားစားတုန်းက အဲ့ဒီကောင်တွေက ငါ့ကို တနေကုန် စိုက်ကြည့်နေကြတာ။ ငါလို အဘိုးကြီးက ဘယ်နှစ်နှစ်လောက် အသက်ရှင်နိုင်မှာ မို့လို့လဲ? အသားနည်းနည်းလေးစားတောင် သူတို့က ဂရုစိုက်နေကြတယ်။ လူကြီးရော လူငယ်ရော တစ်စက်လေးမှ လုံးဝမလေးစားဘူး!"
"ဒီဖက်ထုပ်တွေက ကောင်းတာဘဲ! အသားစားတာလောက် ကျေနပ်စရာမဟုတ်ပေမယ့်... ဘိုးဘိုးဇနီးက ကြိုက်မှာသေချာတယ် ဟီးဟီး!"
"ငါ့ကို များများပေး။ ဝမ်တန်လည်း ယူမယ်။ သမီးဆီမှာ နှမ်းဆီရှ်ိလား? နည်းနည်းလောက် ပေးလေ! ဘိုးဘိုးက ပစ္စည်းကောင်းတွေနဲ့ လဲပေးမယ်လေ။ ဘိုးဘိုးရဲ့ဇနီးက ဖက်ထုပ်ကို ရှာလကာရည်နဲ့ တို့စားရတာ ကြိုက်တယ်။ အထဲမှာ နှမ်းဆီပါလား?"
သူ့မိန်းမအကြောင်းပြောရင် အဘိုးကော်က ခဏတာ ဝမ်းနည်းသွားသည်။
သူတို့လင်မယားမှာ သားတစ်ယောက်နဲ့ သမီးတစ်ယောက် ထွန်းကားပြီး ကလေးနှစ်ယောက် ကြီးပြင်းလာပြီး အိမ်ထောင်ပြုတာကို စိတ်အားထက်သန်စွာ စောင့်မျှော်နေပေမယ့် မမျှော်လင့်ဘဲ မိသားစုက ရုတ်တရက် ဒုက္ခရောက်ခဲ့ရသည်။
အိမ်ကိုဝင်ပြီး လာလုယက်ခံရတုန်းက သားဖြစ်သူက အပြင်မှာရှိနေသေးပြီး အိမ်ထောင်မပြုသေးပေ။ အိမ်မှာပြဿနာဖြစ်တဲ့အချိန်တုန်းက သားဖြစ်သူနဲ့ပတ်သက်တဲ့ သတင်းမရပေ။ အခုထိ သားဖြစ်သူ သေလား ရှင်လားဆိုတာတောင် မသိရပေ။
ဒါ့အပြင် တစ်ဦ်းတည်းသောသမီးက သူတို့နဲ့ အဆက်အသွယ်ဖြတ်ပြီး သူတို့ကို ညှဉ်းပန်းနှိပ်စက်ခဲ့တဲ့ မိသားစုနဲ့ လက်ထပ်လိုက်တယ်လို့ ကြေညာထားသည်။ အဲ့မိသားစုက အတော်လေး ကျော်ကြားပြီး သမီးဖြစ်သူကတော့ သူတို့ဇနီးမောင်နှံရဲ့ သူငယ်ချင်းတွေ ညှင်းပန်းနှိပ်စက်တာကို ခံဆဲဖြစ်သည်။

YOU ARE READING
???????????? ????????????? ??????????????????????
RomanceTitle 重生神医小甜妻 Author 萧安阳 Title Rebirth divine doctor sweet wife Author ReBron14344 Ch 1443