Ch 205
ဒီနှစ်တွေမှာ အဘွားကြီးလီရဲ့ဘဝက အလွန်ကောင်းမွန်ခဲ့ကာ ခိုင်းဖတ်တစ်ယောက်ဖြစ်လာသည်။ တစ်နေ့တွင် သူမက ဒီလိုမြင့်မားတဲ့ နေရာမှာ နေရမယ်လို့ မထင်ခဲ့ပေ။
ဒီနှစ်တွေမှာ သူမက သာလွန်မြင့်မြတ်တဲ့ဘဝကို ဖြတ်သန်းခဲ့ရပေမယ့် မနေ့ညက ရိုက်နှက်ခံခဲ့ရသည်။
အဓိက,က သူမ ရိုက်နှက်ခံရလို့ မဟုတ်ပေ။ ရေအေးနဲ့လောင်းခံရလို့လဲ မဟုတ်ဘဲ သူမကို လှောင်ရယ်ခြင်းသာ ဖြစ်သည်!
တကယ်တော့ အဘွားကြီးလီက မနေ့ညက အရာအားလုံးကို တွေးတောရင်း တုန်တုန်ယင်ယင် ဖြစ်နေသော်လည်း သူမက မျက်နှာကို ရချင်သူဖြစ်ပြီး မျက်နှာပြန်မရမှာကို ကြောက်ရွံ့နေသူတစ်ယောက်ဖြစ်သည်။ သူမကို တခြားသူတွေ ရယ်မောခွင့်မပြုနိုင်ပေ။
မနေ့ညက ဖြစ်ပျက်ခဲ့တာတွေ ပြန့်သွားပြီး အားလုံးက ဆွေးနွေးနေကြတာကို သိသည်။ ဒီလောက် မျက်နှာပျက်သွားတာ အဘွားကြီးလီ ဘယ်လိုလုပ် ခံနိုင်ရည်ရှိမှာလဲ?
သူမက မနေ့ညက အလွန်ထိတ်လန့်သွားပြီး ရေအေးဖြင့်လည်း လောင်းချခံလိုက်ရသည်။ သူမက အဖျားကြီးနေသေးပြီး ရောဂါက ပြင်းထန်သည်။
ဒါပေမယ့် ကုမိသားစုက သူတို့နဲ့ စာရင်းရှင်းဖို့ လာရှာတယ်လို့ တစ်ယောက်ယောက်က ပြောတဲ့အခါ အဘွားကြီးလီ ချက်ခြင်း ထလာသည်။
ဒါက ဒေါသထွက်စရာပဲ!
မြေရှင်မိသားစု။ ဒီလို မကောင်းတဲ့တဲ့မိသားစုက လီမိသားစုကို ဒုက္ခပေးဖို့ ဘယ်လိုတောင် သတ္တိရှိတာလဲ? ကုမိသားစုက ဘာလုပ်မလဲဆိုတာ သူမ မြင်ချင်တယ်။
ထို့ကြောင့် မတ်တပ်မရပ်နိုင်လောက်အောင် မကျန်းမမာဖြစ်နေသော အဘွားကြီးလီက သူ့သားများကို ခေါ်ကာ သူမကို သယ်သွားခိုင်းသည်။ ကုမိသားစုက တပ်မဟာခေါင်းဆောင်အိမ်ကို သွားကြောင်းကြားတဲ့အခါ လီမိသားစုက လီအိုက်ကော်အိမ်ကို ချက်ချင်းသွားခဲ့သည်။
လမ်းခရီးတွင် အဘွားကြီးလီက လီတာ့ဟိုင်ကို မရပ်မနား ဆူသည်။ "ကြည့်စမ်း ဒါ မင်းလက်ထပ်ထားတဲ့ ကံမကောင်းတဲ့ကြယ်ပဲ။ ငါ့တို့လီမိသားစုအိမ်မှာ နေတာ ဒီလောက်နှစ်တွေကြာတာတောင် သားတစ်ယောက် မမွေးခဲ့ဘူး။ ဒါပေမယ့် အရှုံးသမားကို မွေးခဲ့တယ်။ မင်းအစ်ကိုတွေကိုကြည့်ကြည့် သူတို့မှာ အရှုံးသမားရှိလို့လား?"

YOU ARE READING
???????????? ????????????? ??????????????????????
RomanceTitle 重生神医小甜妻 Author 萧安阳 Title Rebirth divine doctor sweet wife Author ReBron14344 Ch 1443