抖阴社区

Call it the End IV

2.3K 204 91
                                        

| Tell me that you need me |
| Tell me that I'm loved       |
| Tell me that I'm worth it  |
| And that I'm enough         |


ပထမဆုံး တွေ့ဆုံမှု။

‌" ဆောနူ.. သားလေး။ ‌ရောက်ပြီ.. "

ဆောနူ မျက်လုံးများဖွင့်လိုက်စဉ် သူ့ပါးအား
ဖွဖွလေး ပုတ်လျက် သူ့ကို ငုံ့ကိုင်း ကြည့်နေ
သည့်အမေ့၏ မျက်နှာကို မြင်ရသည်။ သူ
မျက်လုံးမ‌ျားကို ပွတ်သပ်လိုက်ပြီး ကားပေါ်မှ
ဆင်းလိုက်၏။ မေမေ့လက်ကို ဆုတ်ကိုင်၍
ဝင်လာစဉ် ခြံဝန်း၏အလယ် အိမ်ရှေ့၌ အနက်
ရောင်ဆွယ်တာ ၊ အနက် ဆံပင်နှင့် နှင်းကဲ့သို့
ဖြူ‌သော အသားအရည်ရှိသည့် ၁၃ နှစ်ပတ်ချာ
လည်ကလေးလေးက သူ့ကို လှမ်းကြည့်‌‌ေနလေ၏။

အန်ကယ်က အရှေ့မှ လျှောက်သွားလိုက်ပြီး
ဆောင်းဟွန်း၏ ပုခုံးလေးကို ကိုင်ကာ ဘေး
တွင် မတ်တပ်ဝင်ရပ်လျက် မေမေ့ကို နှုတ်
ဆက်စေ၏။

သို့သော် ဆောင်းဟွန်းသည် နှုတ်ဆိတ်နေခဲ့ပြီး
မေမေကလည်း ကလေးကို ဖိအား ပေးစရာမ
လိုကြောင်း ပြောလျက် အန်ကယ့်၏ ခေါ်ဆောင်
ရာအား လိုက်သွားလေသည်။ ခြံဝန်းထဲတွင် သူ
တို့ နှစ်ဦးသား ကျန်ခဲ့၏။ ဆောနူ တဖြည်းဖြည်း
ရှေ့ကို တိုးလာလိုက်တော့ ၁၅ နှစ်အရွယ် ဆောနူ
သည် ၁၃ နှစ်အရွယ်ဆောင်းဟွန်းထက် နှစ်လက်
မခန့်သာ အရပ်ပို နေရာ ဤကလေး ကြီးလာလျှင်
ဘယ်လောက်ထိ အရပ်ရှည်လောက် မလဲဟု သူ
တွေးလိုက် မိသေးသည်။

ထို့နောက် သူ နှစ်လိုစွာ ပြုံးလိုက်ပြီး လက်ကို
ဆန့်ထုတ်လျက် ကလေးကို ချော့မြူသလို နှုတ်
ဆက်လိုက်၏။

" 안녕.."

ဆောင်းဟွန်းသည် ထိုအတိုင်းပင် သူ့အားကြည့်
နေခဲ့ပြီးနောက် ရုတ်တရတ် သူ့နားရွက်နားတွင်
စူးရှရှ ယားကျိကျိနှင့် လှုပ်ခတ်နေသည့် ခံစားမှုကို ရလိုက်ရာ ထိတ်လန့်စွာဖြင့် သူ့နားရွက်ပေါ်
လက်ဖြင့် ခါထုတ်‌တော့သည်။

" ပိုး.. ပိုးကောင် "

ဆောင်းဟွန်းသည် အလွန် ကြောက်ရွံ့ ရွံရှာသည်
ဖြစ်ရာ ထိတ်ပြာနေလျက် မျက်ခင်းပြင်ပေါ် ထိုင်
ချကာ အော်နေတော့သည်။ ထိုစဉ် ဆောနူက ထို
ပိုးကောင်အား လက်နှင့် ဖမ်းလျက် မြေပြင်ပေါ်
ပစ်ချပြီး ဖနောင့်နှင့် နှစ်ချက် သံုးချက် ပေါက်
လိုက်၏။

Call it the EndWhere stories live. Discover now