| Maybe this is all I know,
| and I know it's not you, it's me" ဆောင်းဟွန်း~ "
တီးတိုးခေါ်ဆိုသံ။ သူ့နားစည်ထဲသို့ ညင်သာစွာ
တိုးတိုက် ဝင်ရောက်လာခဲ့သည်။ တစ်ခြားသူတွေ
အတွက် မဟုတ်ဘဲ သူတစ်ယောက်သာ ကြားနိုင်
လောက်သည့် လေတိုးသံလေးဖြင့် သူ့နားနားကို
ကပ်ခေါ်လေသည်။" ဆောင်းဟွန်းနား~ ထတော့လေ.."
သူ့ရဲ့ နဖူးနှင့် နားသယ်စပ်များကို ခပ်ဖွဖွထိတို့
ချော့မြူလာသည်။ ထို့နောက် သူ့နဖူးပေါ်တွင်
အနမ်းဖွဖွရလိုက်သလိုပင်။ အထိအတွေ့အား
လုံးက ရောထွေးနေပြီး သူ့ရဲ့ အရေပြားသည်
လည်း ထုံထိုင်းနေခဲ့သည်။သူ မျက်လုံးများ ပွင့်လာခဲ့သည်။ မှောင်ပိတ်ပိတ်
နှင့် အလင်းမပေါက်သည့် အခန်းထဲတွင် သက်ရှိ
ဟူ၍ သူတစ်ယောက်သာ ရှိပြီး မည်သည့်တီးတိုး
ခေါ်ဆိုနေသူမျှ မရှိ၊ ထိုအစား ဖုန်း alarm သံက
သာ ငြိမ့်ညောင်းစွာ ထွက်ပေါ်နေသည်။ဆောင်းဟွန်း ကုတင်ပေါ်တွင် ဝေဝါးစွာထထိုင်
လိုက်ပြီး သူ့နဖူးကို ခပ်ဖွဖွ ထိတွေ့လိုက်ပြီးမှ
လက်ကို ရောယောင်၍ မျက်နှာတစ်ခုလုံးပေါ်
ပွတ်သပ်လိုက်သည်။ သူ သက်ပြင်းရှည်တစ်
ချက်ချလိုက်ပြီး အလုပ်သွားရန် ပြင်ဆင်လိုက်
တော့သည်။သူ နှပ်ထားသည့် ကော်ဖီအား ခွက်ထဲသို့လောင်း
ထည့်နေစဉ် လူခေါ်ဘဲလ်သံ ထွက်ပေါ်လာ၏။ သူ
တံခါးသွားဖွင့်ချိန် အန်တီဂင်က သူ့ကိုပြုံးပြလာ
၏။ ဆောင်းဟွန်း ခေါင်းညိတ်ရုံ နှုတ်ဆက်လိုက်
ပြီး သူမအတွက် လမ်းပေါက်ဖယ်ပေးလိုက်ရာ
ဒေါ်လေးဂင်က လက်ထဲမှ အထုတ်များကိုဆွဲ၍
ဝင်လာလေသည်။" သွားတော့ မလို့လား "
ဆောင်းဟွန်းက အနိမ့်အမြင့် မရှိသော အသံဖြင့်
" ဟုတ်ကဲ့ " ဟု ပြန်ဖြေလိုက်ကာ ကော်ဖီခွက်ကို
ယူ၍ စားပွဲစွန်းတွင် မှေးရပ်လိုက်ပြီး ကော်ဖီကို
တစ်ချိုက် မြိုချလိုက်သည်။ဒေါ်လေးဂင်က ဟင်း
ဗူးများကိုယူကာ ရေခဲသေတ္တာထဲ ထည့်ပေး၏။" ဒါတွေ ကုန်အောင် စားလိုက်နော် "
" နောက်ကို အပင်ပန်း မခံပါနဲ့ "

YOU ARE READING
Call it the End
Fanfiction#SUNSUN #MINI STORY #SOFT ANGST My birthday is coming in late Jan and I prepare this mini story to celebrate or share my birthday along with my lovely readers who are always with me especially in the past whole year. This story is inspired by th...