抖阴社区

Call it the End VI

2K 218 138
                                        


| I should be stronger than this |
| Shouldn't let your words hit like a bullet |
| I hate that I did |















" လုပ်ထား ! လုပ်ထား ! ကူးထား.. !!!
လုပ်နိုင်တယ် ၊ မင်း လုပ်နိုင်တယ် "

ဆောင်းဟွန်း အလယ်တန်း ဒုတိယနှစ်။ ကာယ
ချိန်။ သူတို့ကလေးများက ရေကူးကန်တစ်ခြမ်း
တွင် ဘောကွင်းများနှင့် ရေကစားနေကြပြီးတစ်
ဖက်ခြမ်းတွင်တော့ အထက်တန်း ပထမနှစ် စီနီ
ယာများ အပျော်တမ်း ရေကူးပြိုင်နေကြသည်။

ဆောနူက နှစ်နှစ် အောက်သွားပြီး ဆောင်းဟွန်း
နှင့် အတန်းတူ အမည်ခံ အလယ်တန်းကျောင်း
သား ဖြစ်သော်လည်း သူ့ရဲ့ အရွယ်ရောက်ပြီးခါ
စ လူပျိုပေါက် အရွယ် ခန္ဓာကိုယ် အချိုးအစား ၊
မျက်နှာကျတို့က ကလေးများနှင့် မည်သို့မျှ ဖြန်
ဖြေ ဝင်နေ၍ မရကာ အချိန်တိုင်း လိုလို အတန်း
ကြီးများနှင့် သွားပေါင်း၍ အချိန်ကုန်နေတတ်
သည်။

" ဂျယ်မင်းနား ! လုပ်နိုင်တယ် !! လာခဲ့ "

ဆောင်းဟွန်း ဘောကွင်းကို မှီရင်း တစ်ဖက်ခြမ်း
တွင် ဟိန်းထွက်နေသည့် သူ့အစ်ကို၏ အသံ ကို
ကြားတော့ မသိလိုက် မသိဘာသာ လှည့်ကြည့်
လိုက် မိသည်။ ကျောင်းသားအချင်းချင်းမုန့်ဖိုး
နှင့် လောင်းသည့် ပြိုင်ပွဲမှာ ပြင်းထန်နေလျက်
ရေကန်ကျယ်ကိုပင် လှိုင်းများဘောင်ဘင်ထနေ
စေပြီး ဂင်ဆောနူက ‌ထိုရေကူးကန်ဘောင်ကို
လက်နှင့်ပုတ်လျက်စိတ်အားထက်သန်စွာအား
ပေးနေ၏။

" ရပြီ ! ရပြီ !! ရပြီကွ !!!! အားးး !! ဝမ်သုံးထောင်ကွ ! ဝမ်သုံးထောင် !!"

ဂျယ်မင်းက အရင်ပန်းဝင်သွားပြီး ကမ်းစပ်တွင်
စောင့်နေသည့် ဆောနူအား ရေကန်ထဲ ဆွဲချလိုက်
သဖြင့် ဆောနူမှာ ရေထဲ ဇောက်ထိုးပြုတ်ကျသွား
ချိန် ဆောင်းဟွန်း၏ ခန္ဓာကိုယ်ကဇက်ခနဲတုန့်ပြန်
လာ၏။ သို့သော် သူ သူ့ရဲ့ ဘောကွင်းကို မလွှတ်
လိုက် နိုင်ချေ။ သူ ဘောကွင်းကို တင်းနေအောင်
ကိုင်ထားလျက် ဆောနူ ပြုတ်ကျသွားသည့်နေရာ
တွင်သာ အကြည့်မြှုပ်ထားသည်။ 

" ‌ဆောင်းဟွန်း၊ ရား ပတ်ဆောင်းဟွန်း။ သွားကြ
မယ်။ ဆရာ ခေါ်နေပြီ "

Call it the EndWhere stories live. Discover now