抖阴社区

54

2.2K 25 0
                                    

                    ခြွေညို့နိုင်လွန်း သူ
                                           or
                   အခန်း (၅၄)     ဖိုက်တာလို ချွေးမ
.

" သားတိုက် အမေ သမီးနဲ့စကားခဏလောက်ပြောချင်တယ် "

" ဟုတ်ကဲ့ ပြောပါ အမေ။ကျွန်တော် ဟိုဘက်နားမှာ ရှိနေပါမယ် "

တိုက်,ငိုနေသူကို တစ်ချက်ကြည့်ပြီး...
သူငယ်ချင်းနဲ့အတူရပ်နေတဲ့ ဒယ်ဒီ့အနားကို လျှောက်သွားလိုက်သည်။

" ဒီလိုအချိန်က ငိုနေရမှာ မဟုတ်ဘူးလေ သမီးရဲ့... သားတိုက် က သမီးကိုပျော်စေချင်လို့ သေချာစီစဥ်ပေးထားတဲ့ မင်္ဂလာပွဲလေ။သမီးက အပြုံးလေးနဲ့ ပျော်နေရမှာပေါ့။သမီးပျော်နေမှ သားတိုက်လည်း
ပင်ပန်းရကျိုးနပ်မှာပေါ့ "

" အန်တီ ပြောတာ ဟုတ်တယ် ညီမလေး။အစ်ကိုတိုက် က သေသေချာချာကို စီစဥ်ထားတာ။အစ်မတို့ကိုလည်း ညီမလေးကိုပျော်စေချင်လို့ကို တစ်နေ့ကို ဖုန်းသုံးကြိမ်ဆက်ပြီးတော့ကို ပြောရှာတာ "

ရွှေညို့အနားကို အမေနှင့်အတူ ရှေ့ဆင်နောက်ဆင်
ရောက်လာတဲ့ အစ်မပန်ပန်ကလည်း ဦးတိုက်အကြောင်းကို ပြောပြရှာသည်။

" အစ်မတို့က အခုညနေပိုင်း ဟိုတယ်မှာလုပ်တဲ့ ပွဲရဲ့ကုန်ကျစရိတ်ကို မင်္ဂလာလက်ဖွဲ့အဖြစ် တာဝန်ယူပေးမယ်လို့ ပြောတာတောင် လက်မခံဘူး။ညီမလေးအတွက် အကောင်းဆုံးတွေလုပ်မပေးနိုင်ရင်တောင်၊သူ့အားနဲ့ သူလုပ်ပေးနိုင်တာကို လုပ်ပေးမယ်ဆိုပြီး ငြင်းခဲ့တာ "

" အစ်ကိုတိုက်က ညီမလေးကို တော်တော်လေး ချစ်ရှာတာ။အဲ့လိုလူက ညီမလေးငိုရင် ဘယ်မှနေနိုင်မှာ မဟုတ်ဘူး။စိတ်မကောင်းဖြစ်နေမှာ။အစ်မပြောတာကို မယုံရင် အစ်ကိုတိုက်ကို လှမ်းသာကြည့်လိုက် ညီမလေး "

ပန်ပန် ခင်ပွန်းသည်နှင့်စကားပြောနေတဲ့ အစ်ကိုတိုက်ရှိရာဘက်ကို လှမ်းကြည့်ပြီး ပြောလိုက်တော့..

" ဟင့် ရွှေ ရွှေညိုသိပါတယ်။ဦးတိုက် ရွှေညို့ကိုချစ်တယ်ဆိုတာ... ငိုတယ်ဆိုတာလည်း အရမ်းပျော်သွားမိလို့ပါ "

" ပျော်တာလည်း ပျော်ပေါ့။ချစ်စရာသတို့သမီးလေးက ငိုနေတော့... သတို့သားကြီးကပါလိုက်ငိူနေမှ ခက်နေမယ် ညီမလေးရဲ့... "

????????????????????(or)???????????????? CompletedWhere stories live. Discover now