抖阴社区

56

2.2K 30 0
                                    

              ခြွေညို့နိုင်လွန်း သူ
                                           or
                   အခန်း (၅၆)     ဖိုက်တာလို ချွေးမ
.

" ဒါက ဘာဖြစ်နေတာလဲ မော်ကွန်းတိုက်! "

ဆွေဆွေ က ဖုန်းဆက်လာပြီး " အိမ်မှာ အစ်ကိုလေးရောက်နေပါတယ်။ကြီးကြီးကိုရှာနေလို့ အမြန်ပြန်လာပေးပါ" ဟု ဖုန်းဆက်လာတာကြောင့် အိမ်ကို ပြန်လာခဲ့တာ ဖြစ်သည်။

အိမ်ပြန်ရောက်လာတော့ ဧည့်ခန်းထဲက တမြတ်တနိုးနဲ့ အလှဆင်ထားတဲ့ ကြွေပန်းအိုးကြီးတွေကို ရိုက်ခွဲထားသလို.. နံရံပေါ်က ချိတ်ဆွဲထားတဲ့ တန်ဖိုးကြီး ပန်းချီကားတွေလည်း ကြမ်းပြင်ပေါ်မှာ ပြုတ်ကျပြီး မှန်တွေလည်း ကွဲအက်လို့နေ၏။ဧည့်ခန်းတစ်ခုလုံးလည်း ခြေချစရာမရှိအောင် အကွဲ၊အပြဲတွေနဲ့
ပြည့်နှက်နေတာက မြင်လို့ပင် မကောင်း။

" မင်း မာမီ့ကိုဘယ်လိုအကြည့်နဲ့ကြည့်နေတာလဲ!
အိမ်က ပစ္စည်းတွေကိုဖျက်ဆီးနေတာ မင်းက လူရမ်းကားလား မော်ကွန်းတိုက်! "

ဒေါ်လှိုင်သစ္စာ ဒေါသအလွန်ထွက်နေတာကြောင့်
အသက်ရှူလိုက်တိုင်းမှာ ပိန်လိုက်၊ဖောင်းလိုက်ဖြစ်နေတဲ့ ရင်အုပ်ကြီးနှင့် မအေ,မေးတာကိုမဖြေဘဲ မျက်ထောက်နီကြီးဖြင့် ထွေထွေကြီး စိုက်ကြည့်နေတဲ့ သား။

ဘာမှမပြောဘဲ ငြိမ်နေတဲ့ သားဖြစ်၏ အကြည့်တွေကို ထိတ်လန့်နေမိတာတော့ အမှန်ပင်။

လက်သီးနှစ်ဖက်ကို တင်းတင်းဆုပ်ပြီး ရပ်နေတဲ့ တိုက်။ ရှေ့တည့်တည့်မှာ ရှိနေသူက မိခင်ဖြစ်နေသူမို့ ဒေါသကိုထိန်းနေရတာကြောင့် စကားမဆိုနိုင်သေး။

သည်းငယ်ကို အသက်အန္တရာယ်ပေးသည့်အထိပါ ခြိမ်းခြောက်လာတဲ့ မိခင်နေရာမှာ တခြားသူတစ်ယောက်ဆိုရင် ဒီနေရာက တိုက်ရဲ့လူသတ်ပွဲဖြစ်မယ့်နေရာပါပဲ။

" မာမီ ဘာလုပ်ထားလဲဆိုတာ သိတယ်မလား! "

မာမီသိတာပေါ့။သား အိမ်မှာ လာသောင်းကျန်းနေပြီဆိုကတည်းက၊ ဒါပေမဲ့ မာမီ သားဆီမှာ လွယ်လွယ်နဲ့တော့ ဝန်ခံမှာ မဟုတ်ဘူး။ဘာလို့လဲဆို မင်းက မာမီ့ထက် သူစိမ်းမိန်းကလေးကို ပိုချစ်နေလို့ပဲ။
ထိုစကားကို စိတ်ထဲတွင်းဆိုလိုက်တဲ့ ဒေါ်လှိုင်သစ္စာ။တကယ်အပြင်ဘက်မှာလည်း သွေးအေးတဲ့
မျက်နှာသွင်ပြင်နဲ့...

????????????????????(or)???????????????? CompletedWhere stories live. Discover now