ခြွေညို့နိုင်လွန်း သူ
or
အခန်း (၆၄) ဖိုက်တာလို ချွေးမ
." သည်းငယ် "
" ဦးတိုက် က ဒိီကို ဘာလာလုပ်တာလဲ "
" သည်းငယ် အခု ကိုယ် အရမ်းဝမ်းနည်းတာပဲ "
" ဝမ်းနည်းရအောင် ရွှေညို က ဦးတိုက်ကိုဘာလုပ်လို့လဲ "
" ကိုယ် ဒီကိုလာရဖို့ ကုမ္ပဏီမှာ တစ်နေကုန်မနားတမ်း အလုပ်လုပ်ခဲ့ရတာ။အလုပ်တွေပြီးမှ
သည်းငယ်ရှိတဲ့ ဒီကိုလာခွင့်ရတာ "" အဲ့ဒါကို သည်းငယ် က ဘာလာလုပ်တာလဲဆိုတော့... ကိုယ် ဘယ်လိုဖြေရမလဲ သည်းငယ် "
" မဖြေတတ်ရင် မဖြေနဲ့ပေါ့ကွ။ကုမ္ပဏီ အလုပ်လေးနည်းနည်းရှူပ်တာကို စကားကြီးစကားကျယ်လုပ်ပြောနေတယ်။အဲ့အလုပ်တွေများနေအောင် မင်းပဲ ကုမ္ပဏီကိုမယားပစ် သားပစ်သလိုမျိုး လုက်သွားတာ မဟုတ်ဘူးလား။အလုပ်လေး နည်းနည်းလေးပိုလုပ်ရတာကို မိန်းမဆီကနေ မျက်နှာကရချင်သေးတယ်။မနက်ဖြန်လည်း မင်းကိုခိုင်းစရာတပုံတပင်ရှိသေးတယ်ဆိုတာ သိထားကွ "
တိုက်,နောက်မှ ကားပေါ်ကနေဆင်းပြီး အိမ်ထဲဝင်လာတဲ့ ဒယ်ဒီ,က တိုက်,ကို အသလွတ်ကြီး ကောနေတာဖြစ်သည်။
" ဒယ်ဒီ အခု ကျွန်တော့်ကို ဒေါသထွက်နေတာလား "
" မင်း ကို ဒေါသထွက်နေတာ မဟုတ်ဘူး။စိတ်ဆိုးနေတာကွ "
" ဗျာ... ကျွန်တော် ဘယ်အမှား လုပ်ထားမိလို့လဲ
ဒယ်ဒီ "" မင်းကျတော့ အလုပ်ကပြန်တာနဲ့ မိန်းမအနားအပြေးလားပြီး မကြီးမငယ်နဲ့ချွဲနေတယ်။ငါ့ကျတော့ အိမ်ပြန်လာရင်တောင် ချွဲဖို့မပြောနဲ့ မင်းကြောင့် ရန်ဖြစ်စကားများဖို့ မိန်းမကအနားတောင် မရှိဘူး။ငါ့မိန်းမကို အဖော်ရအောင် မင်းကို ငါ့မိန်းမအနားထား ထားတာ။အဲ့ကို မင်းက အိမ်လာပြီးတော့... "
" ဒယ်ဒီပဲ အလုပ်ပြီးရင် သည်းငယ်ဆီကိုလာလို့ရတယ်လို့ ပြောခဲ့တာလေ။ကျွန်တော်လည်း ကျွန်တော့်မိန်းမအနား နေချင်သေးတာပေါ့ "
" အေး... မင်းမိန်းမ အနားနေတာ အပြစ်မပြောဘူး။ဒါပေမဲ့ ငါ့မိန်းမကိုတော့ မြန်မြန်အိမ်ပြန်ခေါ်လာခဲ့။မဟုတ်ရင်တော့ မင်းကို ဒီအိမ်လာခွင့်ပိတ်မယ် "

YOU ARE READING
????????????????????(or)???????????????? Completed
Romance?????? ???????????? ???????????? ???????? ????????????