抖阴社区

Part 18

116 11 24
                                        

UN

        လျိုယောက်ဝမ်က သူအခန်းထဲပြန်ဝင်လာချိန် ကျူကျစ်ရှင်းကိုအိပ်စက်နေဖို့မျှော်လင့်ခဲ့သော်လည်း ဝရံတာတွင်ထိုင်နေသေးကြောင်းမြင်လိုက်ရသည်။ လျိုယောက်ဝမ်ချက်ချင်းဝရံဆီထွက်လာ၏။

"အထဲဝင်သင့်ပြီ ရှင်း
မသောက်နဲ့တော့"

       ကျူကျစ်ရှင်းကအဖတ်မလုပ်ဘဲ ဆက်လက်ထိုင်နေသေးကာ ဖင်ကပ်နေရုံသာရှိတော့သောဝိုင်ခွက်အားမေ့လိုက်၏။ ယခုဆိုလျင်ဝိုင်ပုလင်းက ထက်ဝက်ကျိုးနှင့်ပြီးဖြစ်သည်။ ပုံမှန်အားဖြင့် ကျူကျစ်ရှင်းသည် သက်တန်းနုသောဝိုင်ကိုပင် တစ်ထိုင်တည်း တစ်ဝက်ကျိုးအောင်သောက်နိုင်သူမဟုတ်ပေ။ လက်ရှိသူ့ဘေးနားချထားသောဝိုင်ပုလင်းမှာ နှစ်ချို့ဝိုင်ပင်ဖြစ်နေသေး၏။ ထိုအချင်းအရာက လျိုယောက်ဝမ်ကို စိတ်တိုစေသွားသည်။ လျိုယောက်ဝမ် ကျူကျစ်ရှင်းလက်ထဲက ဝိုင်ခွက်ကိုဘေးချလိုက်ပြီး လက်မောင်းမှဆွဲကာ ရပ်စေလိုက်၏။ သို့သော်ကျူကျစ်ရှင်းက သူ့ကိုတွန်းဖယ်ပစ်လိုက်သည်။

"ရှင်း မင်းအိပ်သင့်ပြီ
အပြင်မှာအေးလည်းအေးတယ်
သောက်တာလည်းအရမ်းကိုများနေပြီ"

"ထွက်သွား"

"ရှင်း...

"ထွက်သွား!...

       လျိုယောက်ဝမ်စိတ်မရှည်စွာဖြင့် ကျူကျစ်ရှင်းကိုပခုံးပေါ်ထမ်းကာ အခန်းထဲပြန်ခေါ်လာခဲ့သည်။ ကျူကျစ်ရှင်းကတော့ ရိုက်ပုတ်အော်ဟစ်နေ၏။ လျိုယောက်ဝမ် ကျူကျစ်ရှင်းကိုကုတင်ပေါ်ချပေးလိုက်ချိန် ကျူကျစ်ရှင်းကသူ့လက်ကိုကိုက်ပစ်လိုက်သည်။

"ငါ့ကိုမထိနဲ့ ဖယ်
ငါမမူးသေးဘူး အားလုံးကိုသတိရနေသေးတယ်
ဖယ်...

"ရှင်း မင်းအခုအရမ်းမူးနေပြီ"

      လျိုယောက်ဝမ်က ရုန်းကန်နေသောကျူကျစ်ရှင်းအားအပေါ်မှအုပ်မိုးလျက် လက်ကောက်ဝတ်များကိုဖိကာချုပ်ထားလိုက်၏။ သို့သော်ကျုကျစ်ရှင်းက ဆက်လက်ရုန်းကန်နေ​သေးရာ လက်ကိုအားသုံးပြီးချုပ်ထားမိတော့သည်။

"ရှင်း မရုန်းစမ်းနဲ့!...
ရှင်း ...
အိပ်သင့်ပြီ

"ငါ့အသားကိုမထိနဲ့
လွှတ် နာတယ်....

??????????? ???????????Where stories live. Discover now