抖阴社区

Part 21

82 8 20
                                        

UN

      
"အဲ့...
အားရွှန်း မင်း...

       ​ရှေ့သို့တိုးကပ်လာသောမျက်နှာကြောင့် ကျွော်ဟန်ခြေတစ်လှမ်းနောက်ဆုပ်မိလျင် သူ့လက်မောင်းကို ကျန်းကျွင့်ဟောင်ကပြန်လည်ဖမ်းဆုတ်လိုက်၏။ စနောက်ရုံသက်သက်ဆိုသော်လည်း ကျွော်ဟန်အမှန်တကယ်လန့်သွားမိသည်။ မျက်နှာနှစ်ခုက အလွန်ကိုနီးကပ်လွန်းနေခဲ့ပြီး ကျန်းကျွင့်ဟောင်က ကျွော်ဟန်မျက်လုံးလေးများဆီ လေလေးတစ်ချက်မှုတ်လိုက်ပြီး ပြုံးနေ၏။ သူ့မျက်နှာကနောက်သို့ချက်ချင်းဆုပ်မသွားလို ကျွော်ဟန်လက်ကိုလည်း ချက်ချင်းမလွှတ်ပေးပေ။

"ဟန်ကော လန့်သွားတဲ့ပုံလေးက ကလေးလေးလိုပဲ လူကိုတကယ်အသဲယားစေတယ်"

      ကျန်းကျွင့်ဟောင်က လက်ကိုလွှတ်ပေးလိုက်၏။

"ကျွန်တော်က အာ့ကြောင့်စချင်လို့ လုပ်လိုက်တာပါ
စိတ်မဆိုးဘူးမို့လား"

"ရပါတယ်"

     လန့်နေသေးပုံရသောကျွော်ဟန်က ​ရှေ့သို့ကိုင်းနေသေးသည့်ကျန်းကျွင့်ဟောင်ကိုယ်ကို အသာလေးတွန်းလိုက်သည်။ ထိုအခိုက် သူ့မျက်ဝန်းထောင့်လေးမှ မထင်ဘဲလူတစ်ယောက်အရိပ်ကို မြင်သွား၏။ ပြန်လှည့်ထွက်သွားသော ကြေကွဲနေသည့်ပုံရိပ်လေးတစ်ခုက ကျွော်ဟန်နှလုံးသားလေးကို ဆစ်ခနဲနာကျင်သွားစေသည်။
      သိန့်ကျားရှင်းက ကျန်းကျွင့်ဟောင်အနောက်ဘက်ကမို့ အခုလေးတင်ဖြစ်ပျက်သွားသောမြင်ကွင်းက သူ့ကိုရှော့ရစေသည်။ သူ့ကိုသူအမြင်မှားခြင်းဖြစ်ပါစေဟုပင် ပြန်မနှင့်သိမ့်နိုင်ဘဲ မျက်ရည်များရစ်ဝဲလာ၏။ 1st Eသို့ပြန်ရောက်သည့်တိုင် မျက်ဝန်းအိမ်ထဲမျက်ရည်များကရစ်ဝဲတုန်းဖြစ်သည်။ ထို့နောက် နာကျင်စွာဆုံးဖြတ်ချက်တစ်ခုကိုချလိုက်၏။

"..........''
ကိုကိုချစ်တဲ့သူနဲ့ပျော်ရွှင်ပါစေ
အချစ်ဆိုတာ လုပ်ယူဖန်တီးလို့မရတာမို့လို့ ကိုကို့အချစ်ကိုကျွန်တော်လုမယူရက်ပါဘူး
ကျွန်တော်က ကိုကို့ကိုပျော်ရွှင်အောင်လုပ်ပေးတဲ့သူပဲဖြစ်ချင်တာ
ကိုကို့ကိုလာ,လာရှာပြီး စိတ်အနှောက်ယှက်ဖြစ်အောင်မလုပ်ပါဘူး လို့ ကတိပေးပါတယ်
ချစ်ခဲ့မိတဲ့အတွက် တောင်းပန်ပါတယ်
ဆက်ချစ်ချင်နေမိသေးတဲ့အတွက်လည်း ပိုပိုပြီးတောင်းပန်ပါတယ်ကိုကို

??????????? ???????????Where stories live. Discover now