UN
ကိုကို
↗↗↗
'ကိုကို မနက်ဖြန်စာမေးပွဲခန်းကထွက်ရင်ခဏတွေ့ရအောင်'↙↙↙
'စိတ်တွေသိပ်အဆင်မပြေလို့ စာကိုပဲအာရုံစိုက်ရအောင် ကျီအာ'↗↗↗
'ကိုကိုကျွန်တော့်ကိုချစ်သေးလား'↙↙↙
'ကိုကို ကျီအာကိုဘယ်အပြစ်ကြောင့်မချစ်တော့စရာရှိလဲ'↗↗↗
'စီနီယာလျိုကိုလည်းကိုကိုချစ်တာပဲလေ'↙↙↙
'ကျီအာ'
'ကိုကိုတို့စာကိုအာရုံစိုက်လား?'↗↗↗
'တကယ်လို့ ကိုကို့အနားမှာကျွန်တော်မရှိတော့ရင် စီနီယာလျိုနဲ့တွဲမှာလား'↙↙↙
'ကျီအာ'
'ကိုကိုတောင်းပန်ပါတယ်'
'ကိုကို့စိတ်တွေဘယ်လိုမှအဆင်ပြေမနေလို့ပါ'↗↗↗
'ဟုတ်ကဲ့ပါ'
'စာလုပ်တော့'
'ချစ်တယ်'↙↙↙
'ချစ်တယ်ကျီအာ'
'စာကိုအာရုံစိုက်နော်'ခုချိန်ကိုကိုဘယ်လိုနေသည် သူမတွေးတတ် ။ သူကတော့ နေမထိထိုင်မထိဖြစ်နေခဲ့သည်။ စီနီယာလျိုလည်း အခုချိန်မည်သို့နေနေသည်ကို သူသိချင်မိ၏။ တစ်ဆက်တည်းမှာပင် စီနီယာလျိုနှင့်ကိုကိုတို့ ဆက်သွယ်နေကြသေးလားကိုလည်း စဥ်းစားနေမိသည်။ သူစိတ်လေနေသည်မှာ စုန့်ယာရွှမ်းဆီမှ စာကျက်မည့်အကြောင်းဖုန်းမဆက်ခင်အထိပင်။ ကျန်းဇယ်ယွီကတော့ စာမေးပွဲရက်များဖြစ်နေ၍လားမသိ စူးရှင်းဟောက်နှင့်ရန်လုံးဝမဖြစ်ဘဲ စာအတူတူလုပ်နေကြချိန်ကများနေခဲ့သည်။ ယခုလည်း ကျန်းဇယ်ယွီက စူးအိမ်တော်တွင်ရှိနေသည်မို့ ရင်ဖွင့်စရာလူမရှိဖြစ်နေ၏။ စုန့်ယာရွှမ်းကိုရင်ဖွင့်ရအောင်လည်း အစကပင် စာမလုပ်၍ငေါက်ခံနေသည်မို့ စာကိုအာရုံစိုက်ဖို့သာရွေးချယ်လိုက်ရတော့သည်။ ။
"ရှင်း.....
ခပ်တိုးတိုးနှင့်ထွက်ပေါ်လာသော အောင်ဇီယိအသံကြောင့် ခုံပေါ်မှောက်ကာမျက်မှောက်ကျုံနေသောကျူကျစ်းရှင်းတစ်ယောက် ခေါင်းပြန်ထောင်လာ၏။
"ဇီယိကော"
"စာကိုအာရုံစိုက်မှပေါ့
ခုတလောဘာတွေဖြစ်နေလဲ ကောကြားပါတယ်
ဒါပေမယ့် လက်ရှိကစာမေးပွဲဖြေနိုင်ဖို့အရေးကြီးတယ်မို့လား"

YOU ARE READING
??????????? ???????????
Fanfiction'????????' ??? ??????????????????????? '???????????'????????????? ???????????? ??????????????? QiXin FanFic TF家族 Only FanFic TNT时代少年团 TF家族三代 @ Author Lu Feng Ping