抖阴社区

Ep-9(Unicode)

2.7K 356 30
                                    


ဧည့်ခန်းမှာ မတ်တပ်ရပ်နေရင်း နံရံတွင် ချိတ်ဆွဲထားသည့် ပန်းချီကားကြီးအား ညီဒေါန မျက်လုံးမခွာနိုင်အောင်ရှိသည်။ဧည့်ခံပွဲပြီးတဲ့ နောက်ရက်ကစ၍ ဦးမင်းဥာဏ်က သူ့ကို အပြင်မခေါ်တော့။နောက်ပြီး အိမ်ကိုမျက်နှာဖြူတွေ အဝင်အထွက်ရှိတဲ့အခါလည်း အခန်းအတွင်းမှာသာနေခိုင်းတော့သည်။

ထို့ကြောင့် သူလည်း အမျိုးသမီးလိုမဝတ်ဘဲ ကိုယ်ငယ်ပေးလိုက်သည့် အထုပ်ထဲမှာပါသော ပုဆိုးနဲ့ရှပ်ကိုသာ အလဲအလှယ်ဝတ်ဆင်ဖြစ်၏။ပွဲထုတ်ရန် လူကိုယ်တိုင်မထွက်ခိုင်းတဲ့အခါ ဦးမင်းဥာဏ်က နှစ်ယောက်အတူစုံတွဲပန်းချီဆွဲ၍ ဧည့်ခန်းမှာချိတ်ထားသည်။

ကျွန်းကုလားထိုင်ကြီးပေါ်တွင် ယှဥ်တွဲထိုင်လျက် တစ်ယောက်နဲ့တစ်ယောက်လက်ချင်းချိတ်ထား၏။အပ်တဲ့ပန်းချီဆရာက နာမည်ကြီးဖြစ်တာကြောင့် ညီဒေါနပန်ထားသည့် သဇင်ပန်းနဲ့ခြုံပုဝါကအစ ဦးမင်းဥာဏ်ရဲ့ ခါးကြားမှ သေနတ်အဆုံး သိပ်ကို အသက်ဝင်သော ဆီဆေးပန်းချီကားကြီးတစ်ချပ်ဖြစ်သည်။

ထို့ကြောင့် ရောက်တဲ့နေ့ကစပြီး သူ့မှာကြည့်မဝနိုင်အောင်ရှိ၏။ပန်းချီကားကိုကြည့်နေရင်း ဘေးမှာချိတ်ထားသည့် ရွှေရောင်လက်ကိုင်ကွတ် သေနတ်ပြောင်းရှည်ကိုမြင်တော့ အလုပ်ရှုပ်နေတဲ့ ကိုငတိုးအား သူလှမ်းမေးလိုက်သည်။

"ဦးမင်းဥာဏ်က လိုင်စင်နဲ့ သေနတ်နှစ်လက်လုံးကိုင်လို့ရတယ်ပေါ့"

"သိပ်ရတာပေါ့ သခင်လေးရယ်... ကျုပ်တို့ဆရာက နယ်နယ်ရရမှမဟုတ်ဘဲ"

စောစောကမှ ပြန်သွားသော မျက်နှာဖြူအရာရှိများကို ဧည့်ခံကျွေးမွေးထားသည့် ဖန်ခွက်နဲ့ပန်းကန်များအား သိမ်းလျက် ကိုငတိုးက သွက်လက်စွာပဲပြန်ဖြေသည်။ဦးမင်းဥာဏ်ကတော့ ထိုလူတွေနဲ့ လိုက်ပါသွားလေရဲ့။ညီဒေါန ကူသိမ်းပေးဖို့လုပ်တော့ လက်မခံဘဲ သူ့ဘာသာသွက်လက်စွာပဲ အကုန်သိမ်းဆည်းပြီးသည်။သို့သော်မေးစရာများကား မကုန်သေး။

"ကိုငတိုးရဲ့ ဆရာသမား ဒီလောက်ချမ်းသာနေတာ ဘာအလုပ်လုပ်သလဲ ကျွန်တော်သိပ်သိချင်တာပဲ"

?????Where stories live. Discover now