抖阴社区

Episode - 2

144 26 2
                                    

အခန်း ()

ရေစိုနေသောခေါင်းအား ရေသုတ်ရင်းဖြင့် ရေချိုးခန်းထဲမှ ထွက်လာသော ဟန်ဘင်း​၏ အကြည့်တွေက အိပ်ယာဘေးရှိ စားပွဲခုံပုလေးပေါ်တွင် တင်ထားသည့် ဖုန်းဆီသို့ ရောက်သွား​​၏။

နံရံပေါ်မှ နာရီကိုတချက်လှမ်းကြည့်လိုက်ပြီးနောက် ဖုန်းရှိရာဆီသို့သွားကာ ဟန်ဘင်း ဖုန်းကိုယူကြည့်လိုက်သည်။

[မက်သရူး - ရှီ အချိန်ရတယ်ဆိုရင် ကျွန်တော်ဖုန်းခေါ်လို့ရမလား။ မက်သရူး - ရှီ နဲ့ စကားပြောချင်လို့]

သူစာပို့ထားသည်ပင် တစ်နာရီခန့်ကြာမြင့်နေလေပြီ။ ခုချိန်ထိ မက်သရူးဖက်မှ seen ပြန်မပြသေး။ ဖုန်းဆက်လိုက်လျှင် ကောင်းမလား ဟူ၍တွေးမိပြီးမှ မသင့်တော်ပြန်သဖြင့် သူ့ရဲ့မရှည်နေသော စိတ်ကလေးကို အသည်းအသန် ပြန်ဆွဲဆန့်လိုက်ရသည်။

ခွင့်မပြုရသေးပဲ ကိုယ့်သဘောနှင့်ကိုယ် ဖုန်းဆက်လိုက်ခါမှ မက်သရူးဘက်က ရင့်ရင့်သီးသီး ပြန်ဆက်ဆံလာလျှင်ဒုက္ခ။

"ဟူး"

လေပူတချက်ကို မှုတ်ထုတ်ရင်း လက်ထဲမှ အညိုနုရောင် မွှေးပွသဘက်လေးကို အိပ်ယာပေါ်သို့ ပစ်တင်လိုက်​၏။ ထို့နောက် အိပ်ယာပေါ်သို့ပင် ကိုယ်တပိုင်းလှဲချလိုက်ပြီးနောက် ဟန်ဘင်း သူ့မျက်လုံးများကို မှိတ်ထားလိုက်​မိသည်။

မွေ့ယာကို ကုတင်နှင့်မထားပဲ ကြမ်းပေါ်တွင် ဒီတိုင်းသာချထားသည်မို့ ဟန်ဘင်း​၏ ခြေထောက်ရှည်ရှည်တွေက ကြမ်းပြင်ထက်ဝယ် ဆန့်လျက်သား။

အတွေးတွေများနေသော ဟန်ဘင်းမှာ ကြာကြာလှဲမနေနိုင်သဖြင့် ပြန်၍ထထိုင်ကာ ဖုန်းကို နောက်တခါ ယူကြည့်လိုက်ပြီးနောက် ခေါင်းအုံးဘေးသို့ ပြန်ပစ်ချလိုက်ပြန်သည်။

အကြောင်းပြချက် ရေရေရာရာ မရှိသော်လည်း ဟန်ဘင်း စိတ်တွေ ရှုပ်ထွေးနေ​၏။ အောက်နှုတ်ခမ်းများကို ဖိကိုက်ကာ နံရံပေါ်က နာရီကို ထပ်ကြည့်လိုက်သည်။ ည ၁၂နာရီပင် ထိုးလုပြီ။

"အိပ်များပျော်သွားလို့လား"

တီးတိုးရေရွတ်လိုက်သည့် ဟန်ဘင်း​၏ အသံက အိပ်ခန်းအတွင်းဝယ် ခပ်အုပ်အုပ် ထွက်ပေါ်လာ​၏။ ပစ္စည်းပစ္စယ သိပ်မရှိလှသော ဟန်ဘင်းရဲ့အိပ်ခန်းအတွင်း၌ အသံများက အမြဲလိုပင် လိုအပ်တာထပ် ပို၍ ကျယ်လောင်စွာ ထွက်ပေါ်လာတတ်သည်။

Call Out My NameWhere stories live. Discover now