အခန်း (၄)
*တင်
ဒီနေ့အလုပ်နားရက်ဖြစ်နေ၍ စိတ်လိုလက်ရ အိမ်ထမင်းဟင်းချက်စားဖို့ ဟန်ဘင်း မီးဖိုခန်းအတွင်းတွင် ပြင်ဆင်နေသည့်အခိုက် ph message တစ်စောင် ဝင်လာခဲ့သည်။
လုပ်လက်စဖြစ်သော ဆန်ဆေးနေခြင်းကိစ္စကို ခဏရပ်ကာ လက်ကိုရေသုတ်လိုက်ပြီးနောက် ဘောင်းဘီအိတ်ကပ်ထဲမှ ဖုန်းကို ဟန်ဘင်း ယူကြည့်လိုက်သည်။
[ဒီနေ့ အပြင်သွားစရာရှိလို့.. သူငယ်ချင်းတွေနဲ့ တွေ့မှာဆိုတော့ နည်းနည်းတော့ နောက်ကျမယ်နော်.. ဟျောင်းနဲ့ စကားပြောမဲ့အချိန်မတိုင်ခင်တော့ ရောက်အောင်ပြန်လာခဲ့မယ်]
မက်သရူးထံမှ ဖြစ်နေ၍ အလျှင်စလိုပင် စာပြန်ရိုက်လိုက်သည်။
[ဘေဘီ]
ကံကောင်းတယ်ပဲဆိုရမည်လား.. ဟန်ဘင်းစာပို့ပို့ချင်းပင် မက်သရူးဘက်မှ seen ဖြစ်သွားလေသည်။
[အပြင်သွားရင် ထီးဆောင်းသွားဦးနော်]
[ကျွန်တော်ကမိုးရွာရင်တောင် ထီးမဆောင်းတတ်ဘူး.. ထီးကိုင်ရမှာပျင်းတယ်]
မက်သရူးပြန်စာကိုကြည့်ပြီးနောက် ဟန်ဘင်းမှာ ထိုကလေးငယ်၏ ဖင်တုံးလေးအား ခပ်နာနာလေးပင် ရိုက်ချင်သွားတော့သည်။ တခါက နေပူမိသွားသဖြင့် မက်သရူးတစ်ယောက် ၃ရက်ခန့်ဖျားသွားဖူးသေးသည်။ ပြီးတော့ သူ့ကလေးငယ်က ချူချာလွန်းသည်။ သူနှင့် စကားပြောနေသည့် ၁လမပြည့်တပြည့် အချိန်အတွင်းမှာပင် မကြာခဏ ဆိုသလို ဖျားနေတတ်၏။
ယခုလည်း ကလေးစုတ်ကလေးဟာ နေတွေဒီလောက်ပူနေရတဲ့အထဲ အိမ်မှာမနေပဲ အပြင်ထွက်ဦးမည်။ ပြီးလျှင် ထီးလည်းမပါ.. အတော်ဆိုးသော ကောင်လေးပင်.. ပြန်ပြောသည့်ပုံစံကလည်း ဂျစ်တစ်တစ်နှင့်။
အသည်းယားကာ ရိုက်ချင်နေသော်လည်း ရင်ထဲမှာ စိုးရိမ်စိတ်တွေက ပြည့်လျှံနေသဖြင့် အဖေကြီးတစ်ယောက်လိုသာ ဟန်ဘင်း ပူပန်မိသွားတော့သည်။

YOU ARE READING
Call Out My Name
FanfictionBINTHEW FANFIC "????????????????????? ?????????????????????????.. ??????????????????????" "??????????????????.. ????? situationship ??????? ????????? ??????????????.. ????????????????????????????? relationship ???????? ????? ?????????????.. ????????...