抖阴社区

                                    

"ဟင်း.."

သက်ပြင်းတချက်ကိုချကာ မနက်အလုပ်သွားဖို့လည်းရှိသည်မို့ မက်သရူးထံမှ ပြန်စာကို မျှော်လင့်နေသည့်စိတ်အား ချိုးနှိမ်၍ ဟန်ဘင်းအိပ်ယာဝင်ဖို့ပြင်ရတော့သည်။

အိပ်ဖို့အတွက် အရင်ဆုံး အိပ်ယာပေါ်၌ ရှိနေသော မွှေးပွသဘက်လေးကို အခန်းထောင့်ရှိ အဝတ်ခြင်းထဲသို့ မွေ့ယာပေါ်မှာ ထိုင်နေရင်းဖြင့်ပင် ဟန်ဘင်း လှမ်းပစ်လိုက်သည်။

ကျင့်သားရနေသည့် လက်များက သဘက်ကလေးကို ခြင်းထဲသို့ တည့်မတ်စွာ ဝင်သွားစေခဲ့​၏။

"နိုက်စ်"

ဘတ်စကက်ဘော ပြိုင်ပွဲတွင် နောက်ဆုံးအနိုင်ရမှတ်ကို အရယူနိုင်ခဲ့သည့်အလား ဟန်ဘင်းနှုတ်ခမ်းများက အပေါ်သို့ ကွေးတက်လာကြသည်။

ဘာမှထူးခြားနေသည့် ကိစ္စမဟုတ်သော်လည်း စိတ်တွေညစ်ထေးနေလေတိုင်း ခုလိုမျိုး ပျော်စရာ သေးသေးလေးကိုပင် ပိုပိုသာသာလေး ဟန်ဘင်း ခံစားတတ်သည်။

ပျော်ရွှင်မှု အမှုန်အမွှားလေးကြောင့် စိတ်အနည်းငယ်ကြည်လင်လာသော ဟန်ဘင်းမှာ နှုတ်ခမ်း၌ အပြုံးခပ်ပါးပါးတို့ကို ချိတ်ဆွဲရင်း အိပ်ယာပေါ်လှဲချကာ မျက်လုံးများကို မှိတ်လိုက်​၏။ မနက်အလုပ်နောက်မကျစေဖို့ သူ့အတွေးတွေကို ခဏသိမ်းကာ မြန်မြန်အိပ်ပျော်မှရပေမည်။

ဘာမှမတွေးချင်ပါဘူးဆိုမှ မက်သရူး​ရဲ့ပုံရိပ်တွေက ဟန်ဘင်း​၏ အာရုံတွင် ထင်ဟပ်လို့လာကြပြန်သည်။

ရွှေညိုရောင် ဆံနွယ်ခပ်တိုတိုတို့ကို ပိုင်ဆိုင်ထားပြီး နားတဖက်မှာ တပ်ဆင်ထားသည့် နားကပ်လေးများက တွေ့လိုက်တိုင်း အမြဲပြောင်းလဲလို့နေတတ်သည့် ခပ်ချောချော ကောင်လေး။ တချို့ရက်တွေမှာ နားကွင်းကပ်ကပ်ကလေးနှင့်ဖြစ်နေတတ်ပြီး တချို့ရက်များကျ တွဲလောင်းကျနေသည့် ပုံစံစုံ နားဆွဲလှလှကလေးများနှင့်။

မက်သရူးက accessories များကို ကြိုက်နှစ်သက်သည့်ပုံပင်။ နားကပ်အပြင် လက်စွပ်နှင့် လက်ကောက်များကိုလည်း ဝတ်ဆင်တတ်ပြီး တခါနှင့်တခါမှာလည်း ဘယ်တော့မှမတူ ပုံစံမျိုးစုံကို ပြောင်းလဲကာ ဝတ်တတ်​၏။

Call Out My NameWhere stories live. Discover now