抖阴社区

                                    

"ဆံပင်အနီရောင်နဲ့ကောင်မလေးလား"

"အင်း ဟုတ်တယ်.. သူကစကားတွေလာပြောနေတာကွာ.. ကိုယ်က အလုပ်ရှုပ်နေတာကို.. တကယ်ပါပဲ.. အဲ့တစ်ခုတော့ စိတ်ရှုပ်လာတယ်"

"အော်.."

"ထမင်းကတော့ ဒီနေ့ ကင်မ်ချီကျီကဲနဲ့စားလာတယ်.. ကိုယ်တို့အလုပ်နားမှာ ဆိုင်အသစ်ဖွင့်လို့ သွားစားကြည့်တာ. ဆိုးတော့ မဆိုးပါဘူး"

"အော်.."

"အဟင်း.."

"ဘာရယ်တာလဲ"

"ကိုယ်ကလေ တအော်အော်နဲ့ စကားပြောတဲ့လူတွေကို သိပ်မုန်းတာ.. ဒါပေမဲ့ မက်ချူးပြောနေတာလေးကျ ချစ်ဖို့ကောင်းတယ်လို့ မြင်နေမိတယ်.. ထူးဆန်းလိုက်တာ.."

အနှောင့်မလွတ် အသွားမလွတ်သော စကားကို ပြောလိုက်မိပြီးမှ မက်သရူး တမျိုးမြင်သွားမှာကို ဟန်ဘင်း တွေးကြောက်မိသွားပြန်​၏။ ပုံမှန်ဆို ပြောလေ့ပြောထမရှိသော အီစီကလီ စကားများကို မက်သရူးနှင့်ကျ ပြောချင်နေသည့် သူ့ကိုယ်သူလည်း ဟန်ဘင်း နားမလည်နိုင်တော့။

"အော်.. အာ.. မကြိုက်ဘူးဆိုကာမှ ပြောမိသွားပြန်ပြီ.. နောက်ဆို ဟျောင်းရှေ့မှာ မပြောမိအောင် သတိထားမယ်နော်"

"မဟုတ်တာ.. ကိုယ့်ကိုယ်ကိုယ် မပြောင်းလဲပါနဲ့။ ကိုယ့်အတွက် မက်ချူးလေးက အရာအားလုံးမှာ ခြွင်းချက်လေးမလို့ ဘယ်အရာမဆို မက်ချူးသာဆို အဆင်ပြေတယ်.. မက်ချူးလုပ်သမျှ အကုန်သဘောကျတယ်"

"အာ.. ကျွန်တော်က ဟျောင်းရဲ့ အထူးဖြစ်တည်မှုတစ်ခုလို မပြောပါနဲ့.. တကယ်ထင်ပြီး ကျွန်တော်က မြောက်မိသွားတော့မယ်"

"တကယ်ပါဗျာ.. ဘေဘီက ကိုယ့်အတွက်တော့ အမြဲတမ်းအတွက် ခြွင်းချက်ပဲ.."

သူ့ထံမှ "ဘေဘီ"ဆိုသော အသုံးအနှုန်းကို ကြားလိုက်ရ၍ မက်သရူးမှာ လန့်သွားပုံရသည်။ ခဏလောက် တိတ်ဆိတ်နေခဲ့ပြီးမှ စကားပြန်ပြောလာ​ခဲ့၏။

"မက်ချူးကနေ ဘယ်လိုဖြစ်ပြီး ဘေဘီဖြစ်သွားတာတုန်း"

"ကိုယ့်ထက်အငယ်ပဲဟာကို.. ပြီးတော့ ဘေဘီက ကလေးလေးလိုပဲ သိပ်ချစ်ဖို့ကောင်းတယ်လေ.. အဲ့ဒါကြောင့်..။ ဘာလဲ ခေါ်လို့မရဘူးလား"

Call Out My NameWhere stories live. Discover now