抖阴社区

                                    

[အဆိုးလေးကတော့ကွာ.. မင်းက နေပူမိရင်လည်း ဖျားတတ်တယ်လေ.. ဦးထုပ်တော့ဆောင်းသွားတယ်မလား.. ထီးကိုတော့ ကိုယ်နဲ့တွေ့ရင် ကိုယ်ကဆောင်းပေးမယ်နော်]

[အင်းပါ.. ကျွန်တော်ကလေးမဟုတ်ပါဘူး.. စိတ်မပူပါနဲ့]

[စိတ်ကတော့ ပူတာပေါ့]

[အဲ့ဒါဆို နည်းနည်းပဲပူ]

[ဘာလို့လဲ]

[ပြန်မမေးနဲ့ကွာ.. ကျွန်တော့ကိုစိတ်ပူနေရင်း ဟျောင်းအချိန်တွေ ကုန်သွားမှာစိုးလို့.. ကျွန်တော့အတွက် အချိန်အဲ့လောက်မပေးနဲ့.. ဒါပဲနော်]

[အင်းပါ]

မက်သရူးဘက်မှ သူ့စာကို seen ပြန်မပြတော့ပေ။

"ဟူး:::::"

မွန်းကျပ်လာသည့်စိတ်ကြောင့် ဟန်ဘင်းဘာကိုမှတောင် ဆက်မလုပ်ချင်တော့။ သက်ပြင်းတချက်ကိုချ၍ လုပ်လက်စများကို ပစ်ချကာ ထမင်းစားပွဲရှိခုံတွင် ဝင်ထိုင်လိုက်​၏။

မက်သရူးက တခါတခါ ခုလိုမျိုး နားလည်ရခက်သော စကားများကိုလည်း ပြောတတ်လေသည်။ ဟန်ဘင်းကိုစိတ်မဝင်စား၍ ထိုသို့ပြောခြင်းလားဆိုတော့လည်း မဟုတ်ပြန်။ ယခုပင်ကြည့် ရည်းစားများလို ဘယ်သွားမည် ဘာလုပ်မည်ကို စာနှင့်ဖြစ်စေ ဖုန်းနှင့်ဖြစ်စေ တခါတရံ ဓါတ်ပုံလေးတွေနှင့်ဖြစ်စေ ဟန်ဘင်းအား အသိပေးတတ်သည်။

အစပိုင်းတွင်တော့ ထိုသို့သော အသိပေးခြင်းများကို ဟန်ဘင်းဘက်မှ စလုပ်ခဲ့ခြင်းဖြစ်ပြီး နောက်ပိုင်းမှ မက်သရူးကပါ သူသွားလာသည်များကို ဟန်ဘင်းအား ပြန်အသိပေးလာခြင်းဖြစ်သည်။

ယခုဆိုလျှင် သူတို့နှစ်ယောက်​၏ ပြောဆိုဆက်ဆံပုံများမှာ သူငယ်ချင်းလည်းမက ရည်းစားလည်းမကျသော ကြားအခြေအနေဖြစ်သည့် situationship အနေအထားသို့ ရောက်မှန်းမသိရောက်နေလေပြီ။

နှစ်ယောက်ကြားမှာ skinship နှင့် "ချစ်တယ်"ဆိုသော ဆက်နွယ်မှုများ မရှိတာကလွဲလျှင် သူတို့နှစ်ယောက် ပြောဆိုနေသည့်စကားများမှာ ဘယ်သူနားထောင်ထောင် ရည်းစားများလိုပင်။

Call Out My NameWhere stories live. Discover now