သူကမက်သရူးအား "ဘေဘီ" ဟုခေါ်ပြီး မက်သရူးကတော့ သူ့အား ဟျောင်းဟုခေါ်မြဲအတိုင်းခေါ်နေသေးသော်လည်း တခါတရံတွင် စသလိုနောက်သလိုဖြင့် "ကိုကို" ဟုခေါ်တတ်သည်။
မက်သရူးလည်း သူ့လို အချစ်စိတ်မဟုတ်တောင် စိတ်ဝင်စားမှုတော့ ရှိနေလို့သာ ဒီလိုမျိုး ပြောဆိုဆက်ဆံနေတာမဟုတ်ဘူးလား..။ ကိုယ်စိတ်မဝင်စားတဲ့လူကို ဘယ်သူက အချိန်ကုန်ခံပြီး နေ့တိုင်းစကားပြောနေမှာလဲ..။
ခေါင်းထဲမှ မေးခွန်းများကို ကိုယ့်ဘာသာပြန်အဖြေရှာရင်း မက်သရူးကလည်း သူ့ကိုစိတ်ဝင်စားနေသည်ဟုသာ တဖက်သတ်ကောက်ချက်ဆွဲကာ ဟန်ဘင်းအဖြေထုတ်လိုက်လေတော့၏။
-------------------------------------------------------
ည၇နာရီ။
*တီ......... တီ........ တီ..........
"ဟျောင်း~"
ဖုန်းပြောသည့်ကာလ ကြာရှည်လာသည်နှင့်အမျှ မက်သရူးက သူ့ဖုန်းကိုကိုင်သည်နှင့် အရင်လို "ဟယ်လို" ဟုပင်မပြောတော့ပဲ "ဟျောင်း" ဟူ၍သာ ထူးတော့သည်။
"ဘေဘီလေး ဒီနေ့ဘာတွေလုပ်လာလဲ.."
"သူငယ်ချင်းတွေနဲ့ မုန့်စားလာတယ်.. ပြီးတော့ သူငယ်ချင်းအိမ်မှာ ဂိမ်းဆော့ကြတယ်"
"အော်.."
"ဟား ဟား ဟျောင်းတောင် တဖြည်းဖြည်းကျွန်တော်နဲ့တူလာပြီနော်.. စကားပြောရင် 'အော်' ဆိုပြီးသုံးတတ်နေပြီ"
"ဘေဘီပြောမှ သတိထားမိတော့မယ်.. ဟားဟား အသွင်တူနေပြီဆိုတော့ အိမ်သူဖြစ်ဖို့ပဲကျန်တော့တယ်"
"စလာပြန်ပြီ.. ယောကျာ်းလေးချင်းလည်း မတွဲဖူးပဲနဲ့ အာမချောင်စမ်းပါနဲ့ ကိုကိုရာ"
မက်သရူးက ဘာသဘောနှင့် ပြောလိုက်မှန်းမသိသော်လည်း ဟန်ဘင်းရင်ထဲတွင်တော့ ပူပန်မှုအနည်းငယ်က ဖြစ်ထွန်းလာ၏။ မက်သရူးစကားအတိုင်း တကယ်လည်း ဟန်ဘင်း တခါမှ ယောကျာ်းလေးချင်း မတွဲဘူးခဲ့။
သို့သော်လည်း မိန်းကလေးများနှင့်ပင် မခုန်ခဲ့သော သူ့နှလုံးသားမှာ မက်သရူးနှင့်ကျမှ တဒိတ်ဒိတ်ခုန်နေတတ်ခဲ့သည်။ ဒါဟာအချစ်ဖြစ်ကြောင်း ဟန်ဘင်းဘက်က သိရှိပြီးဖြစ်ကာ မက်သရူးနှင့် ရှေ့တဆင့်တက်ဖို့ရန် အဆင့်သင့်ဖြစ်နေသော်ငြား မက်သရူးဘက်ကရော..။

YOU ARE READING
Call Out My Name
FanfictionBINTHEW FANFIC "????????????????????? ?????????????????????????.. ??????????????????????" "??????????????????.. ????? situationship ??????? ????????? ??????????????.. ????????????????????????????? relationship ???????? ????? ?????????????.. ????????...
Episode - 4
Start from the beginning