抖阴社区

Part _ 24

46.7K 1.5K 195
                                    

🌸ပန်းနုရောင် ဘာသာစကား🌸
~~~~~~~~~~~~~~~~~~~~~~
Part _ 24

လူက ညောင်းကိုက်နေပြီး နေလို့ အဆင်မပြေတော့ ကုတင်ပေါ်တက်ရမှာတောင် မလှုပ်ချင် ဖြစ်နေကာ ကြမ်းပြင်ပေါ်မှာ မှောက်အိပ်နေမိဆဲ ကိုးကလေးရဲ့ အသံကြောင့် ခေါင်းထောင်ပြီး မော့ကြည့်မိတော့ လက်ထဲမှာ ကိုင်ထားတာက.....

Pizza  Family က box ကလေးနဲ့ ကော်ဖီခွက်ကလေး....

"ကိုး"

"............"

"ကိုးကလေး"

ခင်ခင်ရွယ်ကိုးဆိုတဲ့ ကလေးမ သေးသေးလေး တစ်နည်းအားဖြင့် သူ့ရဲ့အမျိုးသမီးကလေးဟာ သူ့အတွက် မုန့်မှာပေးသတဲ့လေ..ကိုယ်ကသူ့ယောက်ျား အိမ်ထောင်တစ်ခုမှာ ကျားဖြစ်သူကသာ ကိုယ့်ဇနီးမယားကို ပေးကမ်းကျွေးမွေးစောင့်ရှောက်ရစတမ်း မဟုတ်လား ....

ဘိုးက သူ့ကို စိတ်ဆိုးပြီး ရုတ်တရက်ကြီး မုန့်ဖိုး
ဖြတ်လိုက်တော့ သူ့လက်ထဲ ကျန်တာလေးက တော်တော် နည်းနေလေသည်။ဆိုင်က အခုမှ လည်ပတ်စ ဖြစ်တာရယ် ငွေပေါ်လာရင် လျော့သွားတဲ့ပစ္စည်း ပြန်ဖြည့်တာရယ် နဲ့ တခြား အထွေထွေစရိတ်တွေ .....

ဒီအလုပ် စလုပ်ကတည်းက ဘိုးဆီက ထပ်မတောင်းရအောင် သူ အာရုံစိုက်ထားခဲ့သည်။ရလာတဲ့ အမြတ်ငွေကို...

"Juicy အဖေ ယူလေ"

အတွေးလွန်နေရာက ကိုးအသံ ကြားမှ သူသတိဝင်လာပြီး ....

"ဪ အင်းအင်း ကျေးဇူးပဲ ငါ ထမင်းမစားချင်တာနဲ့ အတော်ပဲ မင်းကော လာစားလေ ငါ အများကြီး မစားနိုင်ဘူး"

" ထမင်းစားပြီးပြီ "

သူ့လက်ထဲကို  Pizza ဘူးနဲ့ ကော်ဖီဘူးလေး ကမ်းပေးလာရင်း သူ့လက်နဲ့ ထိမိတော့ မျက်မှောင်လေးတွေ တွန့်သွားကာ......

"ကိုယ်တွေ ပူနေတယ် နေမကောင်းဘူးလား"

"အင်း"

" အဲဒါဆို ဒါစားပြီးဆေးသောက် ဆေးရှိတယ်မလား"

"မရှိဘူး"

"ခဏစောင့်"

ကိုးကလေးဟာ အပြောနဲ့အလုပ် ညီပါသည်။ခဏလေးမှ တကယ့်ကို ခဏလေးနဲ့ ပြန်ရောက်လာကာ ဆေးပုလင်းလေး သူ့လက်ထဲကို ထည့်ပေးလာရင်း.....

?????????????????????Where stories live. Discover now