🌸ပန်းနုရောင် ဘာသာစကား🌸
~~~~~~~~~~~~~~~~~~~~~~
Part _ 27"အခုတော့ အသားကျပါပြီ လုပ်စကတော့ လူက မခံနိုင်အောင် ပင်ပန်းတာ ကလေးတွေကို ကူကျက်ရ ကိုယ့်စာကိုယ်ကျက်ရနဲ့ "
"ဟင်"
ကြားနေရတဲ့ စကားတွေကို တင်မောင်မောင် မယုံနိုင်လောက်အောင် ဖြစ်သွားရသည်။တူမလေးက ဒီမှာ ဂိုက်လုပ်နေတာတဲ့လား......
"ခင်ခင်"
"ဟင် ဦးမောင်"
အနောက်ကနေ ခင်ခင့်နာမည်ကို ခေါ်လိုက်တဲ့အသံကြားလို့ ခင်ခင်အံ့ဩသွားပြီး လှည့်အကြည့် မယုံကြည်နိုင်သလို ကြည့်နေတဲ့ ဦးမောင်....
"ဦီးမောင် ဘယ်ကို လာတာလဲ"
ဦးမောင်ဟာ အံ့ဩနေရာကနေ ဒေါသထွက်နေတဲ့အသွင် ပြောင်းသွားပြီး....
"ဦးမောင်ကို မမေးနဲ့ ညည်းကပြောရမှာ ဒီမှာ ဘာလာလုပ်တာလဲ"
"ဟို... ဟို ခင်ခင်က ဒီမှာ ဂိုက်လုပ်တာ"
"ဘာ"
တင်မောင်မောင် ဒေါသတွေ ထွက်နေပေမယ့် အနားက ခင်ခင့်သူငယ်ချင်း ဖြစ်ဟန်တူသူရှိနေတာကြောင့် စိတ်ကို ထိန်းထားလိုက်ပြီး.....
"ခင်ခင့် သူငယ်ချင်းလား ဦးမောင်ရဲ့တူမလေးကို လိုအပ်တာလေးရှိရင် ကူညီပါဦး"
"ဟုတ်ကဲ့ စိတ်ချပါရှင့်.. ခင်ခင်က တော်ပါတယ် ဘာမှ စိတ်မပူပါနဲ့"
သဘောကောင်းပုံရတဲ့ ကောင်မလေးကို
တင်မောင်မောင် ပြုံးပြလိုက်သည်။အပြင်ရောက်တော့ နွယ်နှင်းဆီက နှုတ်ဆက်ပြီး ထွက်သွားတော့သည်။ကိုကြီးကားကို မတွေ့သေးတော့ ခင်ခင် ရပ်စောင့်လိုက်သည်။"နင် အရင်ရက်တွေက အိမ်ကို ဘာနဲ့ ပြန်တာလဲ ခင်ခင်"
"ကိုကြီး လာကြိုတယ်"
ဦးမောင်က ဒေါသ ပိုထွက်လာဟန်တူကာ မဲ့ပြုံး ပြုံးလိုက်ရင်း..
"ဪ ဒီမှာအလုပ်လုပ်နေတာ ဒီကောင် သိတယ်ပေါ့လေ သူက ဘာမှ မပြောဘူးလား"
"စာသင်တာတော့ မသိဘူး ထင်တယ် စာကျက်တယ်လို့ ပြောထားတာ"
"ဘာ"

YOU ARE READING
?????????????????????
Romance??????????????????? ????????????????????????? ????????????????????????????.... ?????? ????? ????????????????.......