🌸ပန်းနုရောင် ဘာသာစကား🌸
~~~~~~~~~~~~~~~~~~~~~~
Part _ 42"အခုက ဦးလေးတို့ဘက်က သဘောထားကို လာတီးခေါက်တာပါခင်ဗျ.. သဘောတူကြည်ဖြူတယ်ဆိုရင် လူကြီးစုံရာနဲ့ လာတောင်းရမ်းချင်ပါတယ်ခင်ဗျဘယ်ရွေ့ဘယ်မျှ ခွဲမယ်ခန့်မယ် ဘယ်နေရာမှာ မင်္ဂလာဆောင်ချင်တယ်ဆိုတာမျိုးတွေပေါ့ ..အဲဒါပြီးရင် ကျွန်တော်က ...."
ပယင်း ဆက်ပြီး ရပ်ကြည့်မနေနိုင်တော့တာမို့ ရှေ့နားကို တိုးသွားမိပြီး ....
"မောင်မောင်နော် လူနှစ်ယောက် ချစ်နေကြရင် ရပြီလေ ဘာတွေ လျှောက်ပြောဦးမလို့လဲ"
"ဗျာ"
"ဟာ သမီးငယ်"
" ပ ...ပယင်း နင်တို့က.."
တင်မာနွယ်သား တင်မောင်မောင်က အိမ်ကို ရောက်လာပြီး စကားလေး အနည်းငယ်လောက် ပြောခွင့်ပြုပါဟု ခွင့်တောင်းကာ သူဖြစ်ချင်တာတွေကို ကရားရေလွှတ် တတွတ်တွတ် လာပြောနေလို့ သမီးကြီး မြကျောက်နဲ့ သားအဖနှစ်ယောက်သား ပါးစပ်အဟောင်းသား ဖြစ်နေကြတုန်း သမီးငယ်ပယင်းကျောက်က အနားကို ရုတ်တရက် ရောက်လာပြီး ဝင်ပြောလိုက်တဲ့စကားကြောင့် အားလုံး မျက်လုံး ပြူးသွားရတော့သည်။
" ဖေ...ဖေဖေ ဟိုလေ "
"အန်ကယ်..ကျွန်တော်ပြောတာကို ဘယ်လိုများ သဘောရပါသလဲ ခင်ဗျ"
"ဟ ငါက ဘာပြောရမှာလဲကွ.. မင်းရောက်လာတာက ဗြုန်းစားကြီး ... ပြီးတော့ လူကြီးမပါ ဘာမပါနဲ့"
"ဟုတ်ကဲ့ခင်ဗျ အခု လာတာက ကျွန်တော် အန်ကယ်တို့ မိသားစုရဲ့ သဘောထားကို တီးခေါက်..."
"မင်းဟာက တီးခေါက်ရုံလေးမှ မကတော့တာကွ.. ငါ့သမီးကို ငါ့ရှေ့မှာ ချစ်တယ် မြတ်နိုးတယ်တွေ လာပြောပြီး ဘယ်လောက်နဲ့ တင်တောင်းပါမယ်တွေပါ လာပြောနေတဲ့ကိစ္စ"
"............."
"ဖေဖေ.."
"ဟား ...ကိုစံရွှေမောင်တို့အိမ်မှာ လူတွေစုံနေပါလား .. အခုလို မိသားစု စုံစုံညီညီ တွေ့ရတာ ဝမ်းသာတယ်ဗျာ"
"ဟော လင်းအောင်တို့ ရောက်ပြီပဲ လာကြ လာကြ"
"ပယင်း ကိုယ်လာတယ်"

YOU ARE READING
?????????????????????
Romance??????????????????? ????????????????????????? ????????????????????????????.... ?????? ????? ????????????????.......