ကလွမ် ကလွမ် ...
"ဟင် "
ဒေါ်စိုးကို စကားလှည့်ပြောမလို့ဟာ အသံကြောင့် လိုက်ကြည့်မိသည်။ ကြည့်လိုက်တော့ လက်စွပ်ကလေးဖြစ်နေ၏။ဒေါ်စိုး လှဲလိုက်တဲ့အမှိုက်ထဲကနေ လွင့်လာခြင်းပင်။ သွားကုန်းကောက်လိုက်လျင်
" ဟင် ဒါ ငါ့လက်စွပ်လေးပဲ "
ပျောက်သွားတဲ့လက်စွပ်လေးပဲဆိုတာသိသွားတော့ ဝမ်းသာသွားသည်။ လက်ထဲထည့်ပြီးသေချာတသသကြည့်နေတုန်း ဒေါ်စိုးက လက်ကောက်ဝတ်ကိုလှမ်းပုတ်လိုက်တော့ တလိမ့်လိမ့်ကျသွားတော့၏။
" ဘာလေးလဲ၏ "
သိလိုဇောနဲ့ သွားကိုင်ကြည့်မှ အဝေးလွင့်သွားသဖြင့် ဒေါ်စိုး အတင်းပြေးကောက်သည်။ သို့သော် ဒေါ်စိုးထက် ဦးသူက အရင်ကောက်သွားလေသည်။
လက်စွပ်ကို လှည့်ပတ်ကြည့်ပြီး" ဒါ ဘယ်သူ့ဟာလဲ "
" ဆရာ ! ကျွန်မလည်းမသိပါဘူး အမှိုက်လှဲရင်း ..."
"၏ လက်စွပ်ပါဆရာ ၊ ၏ ပျောက်သွားတာ အတော်လေးကြာပါပြီ ၊ အရင်နှစ် ပါတီကတည်းကပါ "
လွင်ပြင်ခေါင် လက်စွပ်ကိုမြင်ကတည်းက သူ့လက်စွပ်မှန်း သိပြီးဖြစ်သည်။ ပိုင်ရှင်က ၏ တဲ့လား။ ဒါဆို ....
" ဟုတ်လား ၏ ၊ ဒါဆို ဥစ္စာရင်းမှန်လို့ပြန်တွေ့တာပဲ ၊ ဒေါ်စိုး အဲ့နားကခုံကို မနက်ကပဲရွေ့ထားတာ အဲ့နားမှာကပ်နေတာဖြစ်မယ် လက်စွပ်ဆိုတော့ သေးလည်းသေး ဗြုန်းဆိုလည်းမမြင်ကြဘူးလေ "
"ဟုတ်ပါ့ ၏ ဒါလေးပျောက်လို့ စိတ်မကောင်းဖြစ်နေတာဒေါ်စိုးရဲ့ "
လက်စွပ်ကိုပွတ်ပြီး ပျောက်သွားတာလေးပြန်တွေ့လို့ ဝမ်းပန်းတသာဖြစ်နေဟန်လေးနဲ့ပြော၏။
" ၏ ငါ့နောက်လိုက်ခဲ့ ၊ ဒေါ်စိုး လုပ်စရာရှိတာ ဆက်လုပ်ထားပါ "
"ဟုတ်ကဲ့ဆရာ "
ဒေါ်စိုး တံမြက်စည်းပိုက်ပြီးကျန်ရစ်သည်။ ၏ လက်စွပ်ကလေးကိုဆုပ်ကိုင်ပြီး ဆရာ့ရုံးခန်းထဲသို့လိုက်ဝင်လိုက်၏။
" မင်း အဲ့ဒီလက်စွပ် ဘယ်ကရတာလဲ "
"ရှင် "
" မင်းကိုဘယ်သူပေးထားတာလဲလို့မေးနေတာ"
"ဘယ်သူမှမပေးပါဘူး "
"မင်းမလိမ်နဲ့ ၊ မင်းဒီလက်စွပ်ကိုရထားတာ နှစ်နှစ်လောက်ရှိပြီမဟုတ်လား "
"ဟင် ! ဆရာ ဘယ်လိုသိ !?"
"အဲ့ဒါ ငါ့လက်စွပ်ပဲ ၊ ငါမိန်းကလေးတစ်ယောက်ကိုပေးခဲ့တာ ... အမှောင်ခန်းထဲမှာ "
"ရှင် "
၏ မျက်လုံးအပြူးသားနဲ့ အံ့သြမင်သက်သွားပြီး လက်ထဲက လက်စွပ်လေးလည်း ကြမ်းပြင်ပေါ်သို့ ဒေါက်ခနဲကျသွားလေသည်။
🩸🩸🩸🩸
၀င်ကြေး ၁၀၀၀ကျပ်နဲ့ အစအဆုံး မှောင်ရင်း enjoy လုပ်လို့ရနေပြီနော်သဲတို့🤭💥🫧

YOU ARE READING
??????????? ?????????(Complete)
Romance21+?? "??????????????????? ??????????????? ? ??????????????????????????? ?????????????????????????????? ??????? " ??????????????? ??????????? ????????????????? ??? ??? ?????????? ???????????????????????????? ?????????????????????????? ????????????...