William:ဒီက...tongဆိုတာလား။
Tong:အာ..ဟုတ်ပါတယ်။ဘာကိစ္စရှိလို့လည်းဗျ။
Nut:အိမ်ထဲရောက်မှ ပြောလို့ရလား။
Tong:ဪ..ဟုတ် ရပါတယ်။အထဲကိုကြွပါ။
(williamတို့အား ထိုငယ်ငယ်ရွယ်ရွယ်ကောင်လေးက အိမ်ထဲသို့လာစေသည်။)
Tong:အမေရေ! ဧည့်သည်တွေလာတယ်။
Mika:ဟေ! အေး လာပြီသားရေ။
(အသက်၅၀ ၀န်းကျင်အမျိုးသမီးတစ်ဦးအိမ်နောက်ဖေးမှထွက်လာဟန်။)
Mika:မောင်ရင်တို့ ဘာကိစ္စရှိလို့လဲ။
Nut:အဒေါ်က khun.pongရဲ့အမျိုးသမီးလား။
Mika:ဟုတ်ပါတယ်ကွယ်။
(ထိုချိန် nutကဆက်ပြောနေရင်း williamကထိုနေရာမှထကာ အိမ်ရှေ့တံခါးပေါက်သို့သွား၍ မျက်လုံးတို့ကို မှေးမှိန်ကာ ပြောလိုက်သည်။)
William:ခဗျားလာလို့ရပြီ။ခဗျာပြောတဲ့တစ်ချက်ချင်းစီကို ကျုပ်ပြောပြပေးမယ်။
(ထို့နောက် Williamရဲ့နဖူးပေါ်မှ ၀ဲကာကျနေသောဆံပင်စသို့ လေပြေတစ်စုံမှာဖြတ်ခနဲတိုး၀င်လာတော့ သူနားလည်ဟန်ဖြင့် အိမ်ထဲသို့ပြန်၀င်သည်။ထိုစဥ် ကောင်လေးနှင့်မိခင်ဖြစ်သူမှာလည်း အံ့ဩတကြီးဖြင့်မိခင်ဖြစ်သူမှာလည်း ငိုကြွေးနေလေသည်။)
Mika:သူ့၀ိညာဥ်တကယ်ပဲရှိနေသေးတာလားသားရယ်။
Nut:ကျွန်တော် သက်သေနှင့်တစ်ကွက်ချပြထားတာပဲအဒေါ်ရယ်။မယုံလို့လား။
Mika:မဟုတ်ဘူး..ယုံတယ်။ဟင့်! အဒေါ်ယုံပါတယ်။ဒီအရာတွေအားလုံးက သူနဲ့အဒေါ်တို့မိသားစုပဲ သိတာမို့။အဒေါ်သဘောပေါက်တယ်သားတို့။
William:အခုသူ ကျွန်တော်တို့အနားရှိတယ်။အကြောင်းအရာတွေကိုပြောပြရတော့မလား။
Mika:သူဘယ်နားမှာလဲ။
Est:ကျွန်တော့်ဘေးမှာပါ။
(est၏အသံအဆုံး ကောင်လေးနှင့်မိခင်ဖြစ်သူမှာ မျက်ရည်တို့မြေခရလေသည်။)
Tong:အဖေရယ်....
(မိခင်မှာတော့ ငိုသာငိုနေတော့လေသည်။)

YOU ARE READING
GHOST?
HorrorWilliam-??????? ??????????????????? Est-??????????????????? ???????????????????????? ????????????? Nut-??????????? ???????????? Hong-???? ?????????????????????????????????????? Williamest???Nuthong fanfic?????????????????? ?????????????????????? ???...