抖阴社区

Part-1

1.4K 75 8
                                        

Tui:လီယမ်..လီယမ် အဲ့ကောင်လဲတစ်ကောင်ထဲရှိပေလို့ပဲ။၂ကောင်သာဆို ငါတို့လဲမလွယ်ဘူး။

Lego:ကျွန်တော်လည်း ကိုကြီးလီယမ်ကိုအံ့ဩတယ်ဗျာ။မနိုင်ကိုမနိုင်ဘူး။အဖွဲ့ထဲအငယ်ဆုံးက ကျွန်တော်မို့ ကိုယ်ကဆိုးရမလားမှတ်တယ်။ဘယ်နယ့်။

Nut:ငါတောင်ပြောမရလို့ လက်လျှော့ထားတာ။အခုလဲကြည့် သွားဖို့ခေါ်တာကသူ။လာခေါ်မှာလဲသူ။မလာသေးတာလဲသူပဲ။

*ကျွီ..*

Tui:ဆရာသမားအသက်ရှည်ဦးမယ်။

William:တက်။

(ကားကို သူ့သူငယ်ချင်းတွေရှေ့ရပ်ပေးပြီး စကားတစ်ခွန်းသာဆိုလေသည်။)

Lego:​ေ၀းလားရွာက။

William:၇နာရီနီးပါးလောက်ကြာမယ်။

Tui:တော်တော်တော့လှမ်းသားပဲ။

(နက်က၀ီလီယမ့်ကိုကြည့်တော့ မူမမှန်ပုံကိုကြည့်ကာ ချက်ချင်းရိပ်မိသူမို့ မေးလေသည်။)

Nut:လီယမ် မင်းမသွားချင်လဲ မင်းအကြောနဲ့ဆို မင်းfatherကြီးကသွားခိုင်းမှာပဲ။ငြင်းရင်လည်း မင်းပဲလွန်မှာ။

William:ငါသိတယ်။ငါစဥ်းစားမရတာ ဘာလို့ရွာလဲကွာ။

Lego:အေးနော် ရွာတွေအများကြီးထဲမှာ ဘာလို့ဒီရွာကိုမှ သွားခိုင်းတာလဲ။

Tui:မြို့နဲ့နီးတဲ့ရွာတွေရှိတာတောင် ဒီလိုဂျောင်ကျတဲ့ရွာကို အန်ကယ်ကတမင်သွားခိုင်းတာဖြစ်မယ်။

Nut:မင်းကိုလုပ်တာ။

(နက်က၀ီလီယမ်ကိုကြည့်ကာပြောလေသည်။၀ီလီယမ်ကလဲ သူ၏ဖခင်အကြောင်းကို သိလေသည်။)

Tui:မင်းကိုလုပ်တာ ငါတို့ပါ၀ိုင်းခံပေးနေရတယ်ကွာ။

Lego:၀မ်းသာစရာ။

(တွီနှင့်လဲဂိုရဲ့ အပြောကြောင့် ၀ီလီယမ့်မျက်နှာတွင်ပြုံးယောင်တော့သန်းလေသည်။ထို့နောက် အနည်းငယ်မှောင်ရီပျိုးချိန်တွင် ကားကရုတ်တရပ်ထိုးရပ်သွားသည်။)

*ကျွီ*

Lego:ဘာဖြစ်တာလဲ။

Driver:ကားကအကောင်းကြီးပါဆရာ။ဆက်မထွက်တော့တာဗျ။ဘာဖြစ်တာလဲမသိဘူး။

GHOST?Where stories live. Discover now