Chapter 26
Chapter 26
လုံချုံကျစ်သည် သူ့ရှေ့မှ ရွှေကွန်ရက် ကောင်းကင်အစီအရင်ကို ကြည့်ကာ အံ့အားသင့်ပြီးေကြာင်သွားသည်။
ဒါက ကောင်းကင်အဆင့် ဝိညာဉ်သားရဲတွေကို ဖမ်းဖို့သုံးတဲ့ ပစ္စည်းမဟုတ်ဘူးလား!!!
ဒါတောင် အစုလိုက်အပြုံလိုက် အမဲလိုက်တာမျိုးတို့ ...ကျင့်ကြံသူ ငါးယောက်ထက်များေနတဲ့ အခါမျိုးမှာ တစ်ပြိုင်နက်တည်းဖမ်းတဲ့အခါမှ သုံးမှတန်တာမျိုးမလား???
သူ့ကို ရွှေမျက်လုံး ကောင်းကင်ဝံပုလွေလို သဘောထားတာလား??
ဒီပစ္စည်းကို တစ်ကြိမ်သုံးတဲ့ ကုန်ကျစရိတ်က ဟဲဟွမ်းဂိုဏ်း တစ်ဝက်ကို ပြန်ဆောက်နိုင်လောက်တယ်။ သူကတကယ်ပဲ မျက်နှာသာပေးခံရတာပဲ ဝမ်းသာသင့်တာလား???
သူ မပြေးတော့ဘူးေလ...ပြေးလို့မရဘူးဆိုတာ သိနေပြီပဲ....
ရွှေကွန်ရက် ကောင်းကင်အစီအရင်နဲ့ ဖမ်းခံရတာတောင် တန်နေပြီ!
"မပြေးတော့ဘူးလား" ရှီးဟွိုင်က ရှုးခွမ်ပေါ်မှာ ရပ်ပြီး သူ့ကို မေးလိုက်သည်။
လုံချုံကျစ်က ရပ်လိုက်ပြီး လှည့်လိုက်တဲ့အချိန်မှာ ရှီးဟွိုင်ကလက်နက်ပုန်းများကို ခုခံရန် အသင့်ပြင်ထားသော်ငြားလည်း လုံချုံကျစ်က ချက်ချင်း ဒူးထောက်ချလိုက်လေသည်-
"သခင်လေး၊ ကျွန်မ နွမ်ယန်းနန်းေဆာင်ထဲ ဝင်တာက နာမည်ကြီးပြီး ချောမောတဲ့ ကျင့်ကြံသူနှစ်ဦးကို လှည့်စားချင်လို့ပါ။ ကျွန်မ ဘာမှ ဆိုးဆိုးရွားရွား မလုပ်ရသေးပါဘူး။ကျေးဇူးပြုပြီး ကျွန်မကို လွှတ်ပေးပါ"
ဒီ ဟဲဟွမ်းဂိုဏ်း တပည့်တွေက တကယ်ကို မြန်မြန်ဆန်ဆန် ဒူးထောက်တတ်ကြတာပဲ..
ရှီးဟွိုင်ကအလျင်စလိုမရှိဘဲ ပြောလိုက်သည်- "မင်း ဘာလို့ ငါ မင်းကို ဖမ်းတာလဲဆိုတာ သိတယ် မဟုတ်လား"
"ကျွန်မ မသိပါဘူးရှင်..." လုံချုံကျစ်က ငိုမဲ့မဲ့ မျက်နှာငယ်ေလးဖြင့် မသိချင်ယောင်ေဆာင်ေနသည်။
ရှီးဟွိုင်သည် သူ၏ ဓားပျံပေါ်မှ ခုန်ဆင်းလိုက်ပြီး ရှုးခွမ်သည် သူ့ခါးမှဓါးအိမ်သို့ အလိုအလျောက် ပြန်ရောက်သွားသည်။
YOU ARE READING
???????????????? ???????????????????
FantasyGong ? shou ??? ??????????????????????????????????????? ????????????? gong ??? Shou ??????????????????????????? 3 ???????????????????? Shou ????????????????????????? ? shou? Gong??? ??????????? ????????? ??????????' Gong ? ?????????????? shou ???...
