抖阴社区

Chapter 33

1.7K 156 2
                                        

🧚
Chapter - 33

ညဘက်ပင်ဖြစ်၏။

နေဝင်ချိန်ဖြစ်ပြီး ကြယ်များ တဖြည်းဖြည်း ထွက်ပေါ်လာသည်။

အနီရင့်ရောင် ဝတ်ရုံတစ်ထည်သည် လေထဲတွင် လျင်မြန်စွာ ဖြတ်ပျံသန်းသွားရာ နက်ပြာရောင် နွမ်ယန်းဆောင်ကို တောက်ပသော အရောင်ဖြင့် ဆေးခြယ်လိုက်သလိုပင်။

ရှီးဟွိုင် မြေပြင်သို့ ဆင်းသက်ပြီး မတည်ငြိမ်သေးခင်မှာပင် ကျိုးကျိုးသည် သူ့လက်ထဲမှ ပျံထွက်သွားသည်။

သူ စိတ်ထဲလန့်သွားရသည်။ ချီမုယောင်၏ ပိဝိညာဉ်သားရဲကို ပျောက်ဆုံးသွားမည်ကို စိုးရိမ်သဖြင့် ဝမ့်ပေါင်လင်ထဲတွင် ပစ္စည်းများ ရှာဖွေကာ  ထပ်မံ ဖမ်းဆီးရန် ကြံရွယ်လိုက်သည်။

သို့သော် ကျိုးကျိုးသည် တစ်ပတ်ပျံသန်းပြီးနောက် မထွက်ခွာသွားသည့်အပြင် သူ့ဘေးနားသို့ ပြန်လာပြီး ပခုံးပေါ်တွင် နားလိုက်ကာ ကိုယ်လေးကို လှုပ်ရမ်းနေသည်။ သူ့ဘာသာတစ်ဦးတည်း ပျော်ရွှင်နေပုံရသည်။

သူ့ကိုယ်သူ ပြန်ပေးဆွဲခံရမှန်းတောင် သူ မသိပေ။

ချီမုယောင် ဖြည့်စွက်စာမေးပွဲ ဝင်ဖြေနေတုန်း မှာ ရှီးဟွိုင်သည် ကျိုးကျိုးကို သေချာ လေ့လာရန် ဆုံးဖြတ်လိုက်သည်။ သူ၏ ကိုယ်ပေါ်တွင် ဟွေ့နဂါးမီးလျှံ၏ သဲလွန်စများ ရှိမရှိ ကြည့်ရှုရန်ပင်။

ချီမုယောင်သည် ဟွေ့နဂါးမီးလျှံကို ဤလောက် ပြည့်စုံစွာ ဖုံးကွယ်ထားနိုင်ခြင်းမှာ အမှန်တကယ် သံသယဖြစ်ဖွယ် ကောင်းသည်။

သူ နည်းနည်း စိတ်ပျက်လက်ပျက် ဖြစ်သွားကာ လက်ညှိုးနဲ့ ကျိုးကျိုးရဲ့ လည်ပင်းက အမွှေးလေးတွေကို တို့ထိရင်း မေးလိုက်သည် - “မင်းရဲ့ သခင်က တော်တော်လည်တယ် ၊မင်းကကျ ဘာဖြစ်လို့ ငတုံးလေး ဖြစ်နေရတာလဲ”

ကျိုးကျိုးသည် လူတို့၏ ခံစားချက်များကို သိရှိနိုင်သဖြင့် မကောင်းသော စကားဖြစ်သည်ကို သိလိုက်သည်။ ထို့ကြောင့် သူ့ကို ကျောခိုင်းပြီး စိတ်ဆိုးသလို နေလိုက်သည်။ သို့သော် သူ့ပခုံးပေါ်မှ မထွက်ခွာသွားပေ။

???????????????? ???????????????????Where stories live. Discover now